Ocean eyes

1.1K 140 28
                                    

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ။



" နောက်ဆုံးတော့ ဂယူလေး နိုးလာပြီပဲ .. ဝမ်းသာလိုက်တာ ၊ ဟန်ဘင်းရေ မင်းညီလေး သတိရလာပြီ "

အထူးကြပ်မတ်ဆောင်၏ ဆေးရုံခန်းတံခါးကြီးကို တွန်းတိုက် ဖွင့်လိုက်ရသော သည်တစ်ခဏဟာ ဟန်ဘင်း တစ်ဘဝလုံးစာတွင် ပျော်စရာအကောင်းဆုံး အချိန် ဖြစ်ခဲ့သည်ဟု ဆိုရလျှင် ပိုမည်မထင် ။ မေမေက စကားလုံးများနှင့် အရင် ဝမ်းသာပြီး ဖေဖေ နှင့်အတူ နောက်တွင် ကျန်ခဲ့သည် ။ ဟန်ဘင်းကမူ သူတို့ထက် အရင်ပင် ဂယူ့ကုတင်နားသို့ ရောက်နှင့်ပြီ ဖြစ်သည် ။

" ပီတာ .. "

" အဟမ်း ! ဂယူလေး နိုးလာပါပြီ ဟန်ဘင်း "



ဂယူ့နာမည်ခေါ်လိုက်သော သူ့အသံကို ဖုံးလွှမ်းသွားအောင် အိမ်တော်ထိန်း ဂျွန်က ချောင်းတစ်ချက် ဟန့်သည် ။ မနီးမဝေးမှ ဆိုဖာထိုင်ခုံတွင် တုတ်ကောက်ကိုင်ကာ ခပ်မိန့်မိန့် ထိုင်နေခဲ့သည့် ဥက္ကဌကြီးသည်လည်း သူတို့ထံ လှမ်းကြည့်နေသည် ။

" ဂယူလို့ပဲ ခေါ်ရမယ်လေ ဟန်ဘင်း .. မေမေ ပြောထားတာ နားမလည်ဘူးလား "

မေမေက ဟန်ဘင်း၏ အနားသို့ ကပ်ကာ တိုးတိုး ရေရွတ်သည် ။ ထို့နောက် ချက်ချင်းပင် ဥက္ကဌကြီးရှိရာသို့ ဦးတည်လျက် ဂယူ့ကို အမြဲ စိတ်ပူနေခဲ့ကြောင်း သတင်းသွားမေး၏ ။ လူနာဆီကိုတောင် သက်သာရဲ့လား ဆိုသည့် စကားတစ်ခွန်းမဟဘဲ အုပ်ထိန်းသူ အချင်းချင်း စိုးရိမ်ပူပန်ကြောင်း ထုတ်ပြောနေသည့် မေမေ့ အပြုအမူတွေက ဟန်ဘင်းအတွက် စိတ်ဆိုးချင်စရာကောင်းနေသည် ။

" ငါ မင်း နိုးလာမှာကို စောင့်နေခဲ့တာ .. တကယ်ကို အများကြီး စောင့်နေခဲ့တာ "

မေမေ့လောက် သူက စကားပြောမချိုပါ ။ အရိပ်အချည်ကြည့်တတ်သူလည်း မဟုတ်ပါ ။ ထို့ကြောင့်သာပဲ မေမေ အုပ်ချုပ်မှုအောက်မှာ တသွေမသိမ်းလိုက်နာနေရသည့် တပ်သားတစ်ယောက်လို ဘဝကို ပိုင်ဆိုင်ထားရခြင်းဖြစ်ပါလိမ့်မည် ။

သို့ပေမဲ့ ဟန်ဘင်း၏ မျက်လုံးတွေကတော့ ဟန်ဆောင်မှုကင်းသည် ။ သူ ဂယူ့ကို ကြည့်ရင်း မျက်ရည်ဝဲလာခဲ့၏ ။ ဂယူကတော့ ကုတင်ပေါ်တွင် လှဲနေရင်း သူ့အား ခံစားချက် တစ်စုံတစ်ရာ မပါသော မျက်နှာဖြင့် ကြောင်ငေးနေရှာသည် ။

BE REDWhere stories live. Discover now