All I ask

1.2K 97 19
                                    

၂၀၂၃ ခုနှစ် ။ 


တနင်္လာနေ့ ၊ ညနေ ၆ နာရီ ၃၅ မိနစ် ။ 


ရေစင်မှ ရေအေးတို့အား လက်နှစ်ဖက်နှင့် ယှက်ကာ ခံယူလျက် မျက်နှာသို့ နာနာပက်ကာ ဒါဟာ အိပ်မက်တစ်ခုဆိုလျှင် အမြန်နိုးထလာဖို့ ဆုတောင်းမိသည် ။ 


ဘုရားကျောင်း သန့်စင်ခန်းမှ မှန်ကို သူ မဝံ့ရဲစွာ မော့ကြည့်မိတော့ သွေးပျက်နေသည့် သူ့ မျက်နှာသူ လက်တွေ့ ကမ္ဘာမှာ ယုံရခက်စွာ တွေ့ရပါသည် ။ အိပ်မက်ဆိုးမှ လန့်နိုးလာသူတစ်ယောက်နှယ် ထိတ်လန့်နေသော သူ့ မျက်လုံးများဟာ မှန်ရိပ်တွင် ထင်းလျက်သား ။ 


သန့်စင်ခန်းထဲတွင် သူတစ်ယောက်တည်းသာ ရှိသည် အမှတ်နှင့် ဝရုန်းသုန်းကား ပြေးထွက်လာမိစဉ် တံခါးဝ၌ ဘုန်းတော်ကြီးတစ်ဦးထံ မတော်တဆ တွန်းတိုက်မိသွားခဲ့သည် ။


" တောင်း .. ပန် ပါတယ် " 


ဘုန်းတော်ကြီး၏ မျက်နှာကိုပင် သေချာ မကြည့်လိုက်မိခင် သူ ဘုရားကျောင်း လျှောက်လမ်းအတိုင်း ထပ်မံ၍ ပြေးထွက်လာခဲ့သည် ။ ခပ်လှမ်းလှမ်းတွင် ရှိနေသော ဦးလေးဂျွန်သည် သူ့မိတ်ဆွေတစ်ဖြစ်လဲ မိဘမဲ့ဂေဟာ၏ ပိုင်ရှင်ဖြစ်သော ဘုန်းတော်ကြီးနှင့် စကားပြောနေတုန်းသာ ရှိသေး၏ ။ 


ဦးလေးဂျွန် ပြောသည့် ဂယူ့၏ အဖေတူ အမေကွဲ ညီလေးဆိုသူဟာ ' ယောဟန် ' ဖြစ်နေရသတဲ့လား ။ 



သည် အဖြစ်မှန်ဟာ ဟန်ဘင်းအတွက် ဝမ်းသာသင့်သော သတင်းတစ်ခု ဖြစ်ပါသည် ။ သို့သော် ဟန်ဘင်း အခုချိန်မှာတော့ ပျော်နေရမည့်အစား ရင်ထဲတွင် အသက်ရှူရခက်နေပြီး မွန်းကျပ်နေသည် ။ ဘာတွေများ ဖြစ်ကုန်ခဲ့ပြီလဲ ။ တစ်ချိန်ချိန်မှာ သည်အကြောင်းတွေကိုသာ ဂယူ သိသွားခဲ့မည်ဆို ခံစားနိုင်ပါ့မလား ။ 


သူ့မိဘအကြောင်း ၊ ငယ်ဘဝအကြောင်း ၊ ယောဟန်အကြောင်း ဘာဆိုဘာမှ မသိသော ဂယူ့အဖို့ ဟန်ယူဂျင်းကို ထိုမျှ တွယ်တာနေခဲ့သည့် နှလုံးသားက ညီတစ်ယောက်အပေါ် သွေးသားတော်စပ်ရုံကြောင့် ဖြစ်လာသော သံယောဇဉ်သက်သက်သာပဲလား ။ သို့မဟုတ် သူ မှတ်ယူထားသလို ဂယူဟာ ယောဟန်အပေါ်မှာ သာမန် မေတ္တာ ၊ စေတနာမျိုးထက် ကျော်လွန်နေခဲ့မည် ဆိုလျှင်ရော .. 

You've reached the end of published parts.

⏰ Last updated: Jun 10 ⏰

Add this story to your Library to get notified about new parts!

BE REDWhere stories live. Discover now