" အိမ်ပြောင်းခါစဆိုတော့ ကျွန်တော်တို့ တီဗီပါ ဝယ်လိုက်ကြမလား "
စားစရာများ ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် တွန်းလှည်းအပြည့် ဖြစ်နေသည့်တိုင် ဂယူ့ပါးစပ်မှ တက်ကြွစွာ ထွက်လာနိုင်သေးသော စကား ဖြစ်သည် ။ သူတို့ နှစ်ယောက် မားကတ် အနှံ့ပတ်နေကြသည်မှာ တစ်နာရီပင်မကတော့ ။ ဟန်ဘင်း ခြေထောက်တွေလည်း ညောင်းလှပါပြီ ။
ဂယူကမူ သူငယ်ချင်း၏ အိမ်တက်ပွဲကို သူ ကိုယ်တိုင် အိမ်ပြောင်းတော့မည့်သူလို ဝယ်ခြမ်းထားပြီးဖြစ်သော်လည်း ယခုထိ ငွေရှင်းကောင်တာသို့ ခြေဦးလှည့်ချင်သေးပုံမရချေ ။
" ဂယူ ဒီမှာ ယူထားပြီးသားတွေလည်း များနေပြီလေ ။ အဲ့တာတွေပါ ထပ်ဝယ်ရင် ကိုယ်တို့ အိမ်ပြောင်းတဲ့ ထရပ်ကားနဲ့ သယ်မှရမယ် "
ဟန်ဘင်း ခပ်ငြုငြုပြောလိုက်တော့ ဂယူက လူအများကြီး ရှေ့မှာလည်း မရှောင်ဘဲ တဟားဟားရယ်သည် ။ စိတ်ပျော်လွန်းလို့လုပ်နေသည့်အလုပ်တော့မဟုတ်ပေမဲ့ ဂယူ ပြုံးတာကို မြင်လိုက်ရသည့်အတွက် တန်သွားသည် ။
မနေ့ည အိမ်ပြန်ကြတုန်း ဂယူ့ မျက်နှာလေး နွမ်းနေခဲ့သဖြင့် ဟန်ဘင်းမှာ စိတ်ထင့်နေခဲ့ရသည် ။ ဘောလုံးကစားနေတုန်းက ကလေးပေါက်စနတွေထက်ပင် ပိုပျော်နေခဲ့သော ကောင်လေးကို ကြည့်ပြီး သူပါ စိတ်ချမ်းသာနေခဲ့၍ ဘာမှမပြောတော့ဘဲ လိုက်ဆော့ပေးခဲ့ခြင်းဖြစ်သည် ။
ထို့နည်းတူ အိမ်ပြန်လမ်းမှာ ထိုကောင်လေး မှိုင်နေတုန်းကလည်း ဘာများ ဖြစ်ရသလဲဟု ဟန်ဘင်းမှာ စိတ်ပူရသေး၏ ။ အမှန်က ပြေးလွှားထားသည့်အတွက် ပင်ပန်းနွမ်းလျသွားသည်တူပါ၏ ။ ယနေ့တော့ ဂယူ့ မျက်နှာလေး ရွှင်လန်းနေ၍ တော်ပါသေးသည် ။
" အမှတ်တရ ဖြစ်စေမယ့် အသုံးအဆောင်တစ်ခုခု ဝယ်ရအုံးမယ် ၊ နေ့တိုင်းသောက်တဲ့ ရေခွက်လိုဟာမျိုးလေ ။ ဒါမှ အဲ့ ရေခွက်မြင်တိုင်း စီနီယာ ဂယူဘင်း ပေးထားတယ် ဆိုပြီး ကျွန်တော့်ကို တစ်ခါတည်း သတိရနေအောင် "

YOU ARE READING
BE RED
FanficSung Han Bin Kim Gyuvin Han Yujin Arranged by Dalkomhan_shots Start : Aug 1, 2023 Published date : Aug 1, 2023 End :