Sign of the times

1K 113 14
                                    

" ကျွန်တော်က စိတ်ပူနေတာ .. ပြီးခဲ့တဲ့ ကိစ္စကြောင့် အန်ကယ်များ ကိုကို့ကို စိတ်ဆိုးနေမလားလို့လေ ။ ဒါပေမဲ့ တော်သေးတာပေါ့ ၊ ဒီနေ့ သားအဖနှစ်ယောက် ဂေါ့ဖ်လည်း သွားရိုက်ခဲ့တယ် ဆိုတော့ အခြေအနေ ကောင်းတာပဲ "


ဂယူက သူ့အတွေးနှင့်သူ အတည်ပေါက် စိတ်သက်သာရာ ရနေသည်မို့ ဟန်ဘင်း ငြင်းဆိုသည်လည်း မဟုတ် ၊ လက်ခံသည်လည်း မဟုတ်ဘဲ မျက်နှာသာ လွှဲထားမိ၏ ။

ဂယူ ပြောသလိုသာ အမှန်တကယ် ဖြစ်နိုင်မည်ဆိုလျှင်လည်း အကောင်းသား ။ ယခုတော့ ဟန်ဘင်းမှာ မိမိ လုပ်ထားမိသော အပြစ်ကြောင့် ဖေဖေ့၏ အချိန်ပိုင်း အတွင်းရေးမှူးတစ်ယောက်လို ဖေဖေ သွားသမျှနောက်သို့ တကောက်ကောက်လိုက်နေရသည် ။


ကုမ္ပဏီ ရွေးကောက်ပွဲလည်း နီးလာပြီ ဖြစ်၍ ဖေဖေက ဟန်ဘင်းကို ဟန်မပျက် ပွဲထုတ်ချင်သည် ။ ထို့ကြောင့် မနက်ပိုင်းတွင်လည်း အသိမိတ်ဆွေ လုပ်ငန်းရှင်တို့နှင့် ဂေါ့ဖ်ရိုက်သွားလျှင်လည်း ဟန်ဘင်း လိုက်ရသည် ။ အများအမြင်တွင်တော့ မေမေ ဆုံးပြီးကတည်းက တစ်ယောက်ကို တစ်ယောက် မှီခိုရင်း သိပ်ကို တွဲဖက်ညီသော သားအဖ နှစ်ယောက် ဖြစ်သည်ပေါ့ ။

လက်တွေ့၌မူ သူတို့ သားအဖ ကြားတွင် အလုပ်အကြောင်းမှ လွဲ၍ မည်သည်ကိုမှ မပြောဖြစ်ကြ ။ အလုပ်နှင့် ပတ်သက်သော တွေ့ဆုံမှုမှ တစ်ပါး အိမ်တွင်လည်း တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းမဆိုင်ဖြစ်ပါ ။


ဖေဖေသည်လည်း သူ့သဘောနှင့်သူ ဟန်ဘင်းအတွက် ကြံရွယ်ထားသော အရာမှန်သမျှကို နောက်ဆုတ်ခြင်းမရှိ ၊ စိတ်ပြောင်းခြင်းမရှိဘဲ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပုံပင် ။ ရွေးကောက်ပွဲပြီးသည်နှင့် ရင်း နှင့် သူ့ကိစ္စကို တစ်ခါတည်း ရှေ့ဆက်ဖို့ ဟန်ပြင်နေသည် ။

ဟန်ဘင်းသည်လည်း ဖေဖေ့နည်းတူ ၊ အလုပ်၏ ပြင်ပချိန်တွင်တော့ မိမိ ကိုယ်ပိုင် သဘောဆန္ဒအတိုင်း လုပ်ဆောင်လျက်ရှိသည် ။ ဂယူနှင့် ပတ်သက်ပြီး ဖေဖေ့၏ ကန်ကွက်ခြင်းအား သူ တားမရသလို ဖေဖေသည်လည်း ဟန်ဘင်းအား တားဆီးဖို့ရာ မဖြစ်နိုင် ။ သူ ဂယူ့ကို မည်သို့မျှ လက်လွှတ်ပေးနိုင်မည်မဟုတ်ပေ ။

BE REDWhere stories live. Discover now