In your light

934 138 2
                                    

" ယောဟန်လေးက ဒီအရောင်နဲ့လည်း လိုက်တာပဲ ။ ဒီ ခဲနုလေးမဆိုးဘူးနော် ၊ ဒီဘက်က အညိုလေးလည်း လှတယ် ။ ဒါပေမဲ့ သိပ်လူကြီးဆန်သွားမလား "

သူ့ လည်တိုင်နားသို့ နက်ခ်တိုင်စလေး လာတင်ရင်း တစ်ခုပြီး တစ်ခု ထုတ်ကြည့်နေသော ဒေါ်လေးယွန်းကို ဘယ်လိုတားရမလဲ ယူဂျင်း မသိတော့ပါချေ ။ သူမ၏ စေတနာကို ကျေးဇူးတင်ပေမဲ့ အားနာသည် ။

ထို့အပြင် ယူဂျင်းသည် အရင်လို ဒေါ်လေးနှင့် အတူတူ အပြင်မှာ နှစ်ယောက်တည်း မုန့်လှည့်ပတ်စားဖို့ သင့်လျော်သော အရွယ်လည်း မဟုတ်တော့ပါလေ ။ ဒေါ်လေး၏ စေတနာသန့်သန့်ကို သူ နားလည်ပါသည် ။ မည်သူကိုမှ ဂရုစိုက်တတ်သော အမျိုးသမီးမဟုတ်မှန်းကိုလည်း သိသည် ။ သို့ပေမဲ့ သူတို့၏ ပတ်ပတ်လည်မှာ ရှိနေမည့် အမည်မသိ မျက်စိတွေ ၊ နားတွေကိုတော့ မယုံချင်ပေ ။


" ဒီလိုပဲ ပြောရခက်နေမယ်ဆို ကျွန်တော် စိတ်မအေးဖြစ်ရပါတယ် ဒေါ်လေး "

သူ ရှုံ့မဲ့မဲ့လေး ပြောလိုက်သောအခါ ဒေါ်လေးက နားလည်သဘောပေါက်သော မျက်လုံးများနှင့် လှမ်းကြည့်သည် ။ ထို့နောက် ခပ်ယောင်ယောင်လေး ပြုံးပြသည် ။

" နဂိုကတည်းက ယောက်ျားလေးတစ်ယောက်အတွက် ပထမဆုံး နက်ခ်တိုင်ဆိုတာ အမေတွေက ချည်ပေးရတာ "

ဒေါ်လေးသည် ယူဂျင်း၏စကားနှင့် မသက်ဆိုင်သော တုံ့ပြန်ချက်တစ်ခုကိုသာ အေးဆေးရေရွတ်ရင်း နက်ခ်တိုင်တွေကို ထပ်ရွေးကြည့်နေသည် ။

အတော်ကြာမှ သူမ၏ မိခင်တစ်ယောက်လို ပြုမူသောပုံကို ထပ်မြင်ရသည် ။ ယူဂျင်း နေသားကျနေပါပြီ ။ အစကတော့ ထိုအပြုအမူတွေကို နေသားမကျဘူးဆိုသည့် အကြောင်းပြချက်ဖြင့် လက်မခံခဲ့ပေမဲ့ ဒေါ်လေးကလည်း ခေါင်းမာသော အမျိုးသမီးပါပင် ။ ဘယ်တုန်းကမှ ဇွဲမလျှော့ခဲ့ပေ ။ ယူဂျင်းကို သားအရင်းတစ်ယောက်လို သတ်မှတ်ထားသည်ဟူသော စကားတစ်ခွန်းကိုသာ တွင်တွင်ပြောတတ်သည် ။

သို့ပေမဲ့ ဒေါ်လေး သူ့အား အတင်းအကြပ်မွေးစားဖို့ မလုပ်ခဲ့သည့်အတွက် ယနေ့ထိတိုင် ကျေးဇူးတင်နေဆဲပါပင် ။ ထို့ကြောင့် ယူဂျင်း သူမကို ဒေါ်လေးအရင်းတစ်ယောက်သဖွယ် သံယောဇဉ်ရှိသည် ။ လေးစားချစ်ခင်သည် ။

BE REDWhere stories live. Discover now