Hold on

652 71 3
                                    

မတ်လ ၂၀ ၊ ၂၀၀၄ ခုနှစ် ။


နေဝင်ချိန်ကို ကျော်လွန်၍ ညနေစောင်း၏ အေးရိပ်ကို စတင် ထိတွေ့ခံစားရချိန်ဖြစ်သည် ။


အိမ်ရှင် မိသားစုဝင်နည်းသော စံအိမ်ကြီးတွင် အိမ်စေဝန်ထမ်းတို့ လုပ်ဆောင်ရသော တာဝန်ရပ်ဆိုသည်မှာ အထူးတလည်တော့မရှိလှပါ ။

ယခင် သူဌေးကတော် ရှိနေစဉ် ကာလများတွင်တော့ အိမ်အနေအထားဟာ ယခုလိုမဟုတ်ဘဲ နိုးနိုးကြားကြားရှိခဲ့ပေမဲ့ သူမ ဆုံးပါးသွားပြီးချိန်တွင်တော့ အဖေ တစ်ခု ၊ သားတစ်ခုသာ ကျန်ရစ်သော ဤ အိမ်ကြီးသည် အဆမတန် တိတ်ဆိတ်သွားခဲ့သည် ။

အိမ်ပိုင်ရှင် ဥက္ကဌကြီးမှာလည်း မနက်ခင်း နေထွက်သည်မှစလို့ ညနေစောင်းအချိန်ထိတိုင် စက်ရုံတွင် အချိန်ကုန်တတ်သလို သားဖြစ်သူ သခင်လေးမှာလည်း တစ်နေကုန် သူ့ အခန်းထဲ၌သာ ငြိမ်သက်စွာ ရှိနေတတ်သည်ကိုး ..


ထိုသို့ မဟုတ်လျှင် သခင်လေး ရှိနေမည့် နောက်ထပ် တစ်နေရာဟာ စံအိမ်ကြီး၏ ထောင့်တွင်ရှိသော ဥယျာဉ်ငယ်လေးဆီ၌သာ ဖြစ်သည် ။ တစ်ခါတစ်ရံများတွင်တော့ သခင်လေးဟာ ခြံထဲမှ ပန်းပင်များကို ရေလောင်းပေါင်းသင်ရင်း တစ်နေ့တာကို အသံတိတ် ကုန်ဆုံးတတ်သည် ။


" ထင်တဲ့အတိုင်းပဲ .. "


အိပ်ခန်းတံခါးကို အခါခါ ခေါက်ကာ ညနေစာစားဖို့ ခေါ်နေခဲ့ပေမဲ့ ပြန်မထူးလာသည့်အတွက် ဦးလေးဂျွန် ခြံထဲသို့ ဆင်းလာခဲ့သည် ။ ဦးဂျွန် ထင်ထားသလိုပင် .. သခင်လေးဟာ ညနေစောင်းနေသည်ကိုပင် သတိမမူမိသယောင် ခြံထဲမှ ပန်းပင်တွေကို တမေ့တမော ငေးလို့ပါလေ ။

လွန်ခဲ့ပြီးသော ၂ နှစ်ကျော်ကာလကတည်းက လူ့အသိုင်းအဝိုင်းနှင့် တဖြည်းဖြည်း ဝေးလာသည့် ထိုကောင်လေးကို မည်သူကများ အရင်လို ပြန်ဖြစ်အောင် ပြုပြင်ပေးနိုင်လိမ့်မလဲ တွေးရခက်ချေသား ။

ဦးလေးဂျွန်မှာ ကိုယ့်တူအရင်းလို ၊ သားတစ်ယောက်လို သံယောဇဉ်ရှိရသော ကောင်လေးကို အပြစ်မမြင်နိုင်ဘဲ သနားကရုဏာစိတ်သာ ဖြစ်ရသည် ။

BE REDWhere stories live. Discover now