" အာ .. "
မျက်လုံးထဲသို့ ခေါင်းလျှော်ရည်အမြုပ်များ ဝင်ခါမှ စပ်ရကောင်းမှန်း သတိရတော့သည် ။ ညကလည်း ဂယူအိပ်ပျော်နေလို့သာ ပြန်လာခဲ့ရပေမဲ့ စိတ်ထဲ ဘာကို စိတ်မချ ဖြစ်နေမှန်းမသိ ။ တစ်ညလုံးလည်း အိပ်မပျော်ခဲ့ပါ ။ မနက်လင်းခါနီးမှ တစ်ချက် မှေးခနဲ ဖြစ်သွားပေမဲ့ မနက် ၆ နာရီမှာ နှိုးစက်သံမြည်လာတော့လည်း သူ ချက်ချင်းပင် နိုးလာခဲ့သည် ။
ရေချိုးခန်းထဲတွင် အနံ့အသက်ကောင်းအောင် ထည့်ထားသော ဖယောင်းဆီခဲဟာ အနီရောင် ။ မေမေ တမင်ပဲ ထားထားသလား ၊ အိမ်က အဒေါ်ကြီးများ သတိလက်လွတ်ထားထားမိသလားကိုတော့ သူတို့ ကိုယ်တိုင်သာ သိလိမ့်မည် ။ ဟန်ဘင်း အနီရောင်နှင့် ပတ်သက်သမျှ အကုန် မုန်းကြောင်းကိုတော့ တစ်အိမ်လုံး သိထားပါရက်လေ ။
သည်တလောမှာလည်း သူကိုယ်၌က အဆင်ပြေနေခဲ့ပြီဟု ထင်ခဲ့ပါသည် ။ အရင်လို အနီရောင်မြင်သည်နှင့် ကြောက်လန့်တကြား ဖြစ်သွားရသည့်တိုင် မဆိုးရွားတော့ပေမဲ့ ပုံမှန်အတိုင်းတော့ ပြန်မဖြစ်သေးဘူးနှင့်တူပါသည် ။ အနီရောင်က ယခုအချိန်အထိ သူ့အား စိတ်ကျဉ်းကျပ်စေတုန်း ၊ ခြောက်လှန့်စေတုန်းပါပင် ။
မနေ့က ဂယူ့ နဖူးမှ အမာရွတ်ကို ပြန်မြင်လိုက်မိ၍ ဖြစ်မည် ထင်ပါသည် ။ သူမေ့ထားသော အတိတ်ဆိုးကြီးက ဘယ်သောအခါမှ သူ့အား အလွတ်ပေးမည့်ပုံမရှိပါ ။ သူ့ မျက်စိရှေ့တွင် ဂယူဘင်းတစ်ယောက် ကျန်းကျန်းမာမာရှိနေသည်ကို မြင်လျှင်တောင် ၊ ဂယူဘင်းတောင် မမှတ်မိတော့သော ငယ်ငယ်က အဖြစ်အပျက်တစ်ခုကတော့ သူ့အဖို့ အဆုံးမရှိသော အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်နေဦးမှာပါလေ ။
ဆံပင်မှ ရေများကို တဘက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်ရင်း ဗီရိုရှေ့မှ မှန်တွင် မြင်ရသော သူ့ပုံရိပ်သူ ပြန်ငေးကြည့်မိ၏ ။
မှန်ထဲတွင် အရေးပေါ်အခန်း၏ ဗွီအိုင်ပီ အဆောင်တွင် ဆေးပိုက်များ တန်းလန်းဖြစ်နေသော လူနာကောင်လေးအား သွေးပျက်တုန်လှုပ်စွာ ငေးကြည့်နေသည့် ၁၅ နှစ်အရွယ် ဆောင်းဟန်ဘင်းကို မြင်ရသည် ။
YOU ARE READING
BE RED
FanfictionSung Han Bin Kim Gyuvin Han Yujin Arranged by Dalkomhan_shots Start : Aug 1, 2023 Published date : Aug 1, 2023 End :