၂၀၁၅ ခုနှစ် ၊ ဖေဖော်ဝါရီ ။
" အဲ့နံပါတ်တွေ မြင်တာနဲ့တင် စိတ်ညစ်နေပြီ ၊ ဆက်မတွက်ချင်တော့ဘူးလို့ .. "
ဂယူလေး ယနေ့လည်း ဂျီကျနေပြန်ပြီ ထင်ပါသည် ။ ကောင်လေးသည် ကတ်သလစ်ကျောင်းဆင်းမို့ အင်္ဂလိပ်လိုတော့ မွတ်အောင် ပြောနိုင်ပေမဲ့ သင်္ချာ အခြေခံ အားနည်းရှာသည် ။ သည်နှစ်အတွက် ကျောင်းဖွင့်ဖို့လည်း မလိုတော့ပြီ ။ သင်္ချာသင်ဖို့ ပြောလျှင် တစ်အိမ်လုံး ပတ်ပြေးရဖို့ဆိုလည်း မမောနိုင်သော ကောင်လေးနှင့် အိမ်တော်ထိန်း ဂျွန် အတော်ခက်ချေသည် ။
သင်္ချာသီးသန့်သင်ပေးဖို့ ငှားထားသော ဆရာမလေးလည်း သက်ပြင်းတချချနှင့် စိတ်မောနေရှာသည် ။ သူမသည် ဂယူလေးအတွက် သုံးယောက်မြောက် သင်္ချာဆရာမ ဖြစ်ပါသည် ။ ဆရာမတစ်ခါပြောင်းငှားတိုင်း ငွေတစ်ဆတိုး၍ ငှားရခြင်းဖြစ်ပေမဲ့ သင်္ချာတစ်ပုဒ်တွက်ခါနီးတွင် မျိုးစုံ ဂျစ်တိုက်နေသော ဂယူလေးကို မည်သူမှ ကြာကြာသင်မပေးနိုင်ဘဲ စိတ်လျှော့လိုက်ရသူတွေချည်းသာ များပါသည် ။
လွန်ခဲ့သော မူလတန်းကျောင်းမှာတော့ ကောင်လေး၏ အဆင့်တွေက မဆိုးလှပါပေ ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အစကနေ ပြန်သင်ပေးနေရသည် ။
နုနုနယ်နယ် ရွှေပုံပေါ်က သူဌေးမြေးပေါက်စကလေးဖြစ်၍ ဆရာမတွေကလည်း ပြူးပြ ၊ ခြောက်ပြဖို့ မဝံ့ရဲကြ ။ ဘုရင်ခေတ်က အိမ်ရှေ့စံမင်းသားလေးကို စာသင်ရသလို မင်းဆရာတွေက သတိထားနေရသော အနေအထားမို့ ဆရာတွေနေရာကကြည့်လျှင်လည်း ပျော်စရာကောင်းသော စာသင်ချိန်လေးတော့ ဖြစ်မနေခဲ့ပေ ။
ဤသည်မှာ ဆေးရုံ ဆင်းလာပြီးကတည်းက ဂယူလေး သဘောအတိုင်း လိုတရစေရမည်ဆိုသော ဘဝကို မိမိကိုယ်တိုင်ပဲ ပုံသွင်းထားခဲ့ပြီး ဖြစ်၍ အိမ်တော်ထိန်း ဂျွန် ကိုယ့်ရှူးကိုယ် ပတ်ရသော အဖြစ်ကို ရောက်နေခြင်းပါပင် ။ ထို့ကြောင့် ယခုလည်းပဲ ဆရာ ၊ တပည့် နှစ်ယောက်၏ ဘေးမှ ရပ်စောင့်နေရင်း ဘယ်လို လုပ်ပေးရမှန်းမသိ ။
" ကလေးက ဉာဏ်ကောင်းပါတယ် ။ ဒါပေမဲ့ တမင်ဂျီကျနေသလိုပဲဆိုတော့ သင်ရခက်တယ်ရှင့် ။ ဒီလအတွက်ကို ဒီစာအိတ်ထဲမှာပဲ ပြန်ပေးခဲ့ပါရစေနော် "
YOU ARE READING
BE RED
FanfictionSung Han Bin Kim Gyuvin Han Yujin Arranged by Dalkomhan_shots Start : Aug 1, 2023 Published date : Aug 1, 2023 End :