Lily of the valley

1.2K 153 22
                                    

နံနက်ခင်း ။

နံနက်ခင်းတစ်ခု၏ တရွေ့ရွေ့ လှုပ်ရှားသက်ဝင်ပုံကို သတိထားဖူးပါသလား ။ လူသားတစ်ယောက်နှင့် တစ်ယောက်အတွက်ရော နံနက်ခင်းတိုင်းဟာ ထပ်တူကျနိုင်ပါသလား ။ ဒါဟာ သူအဖို့ သည် ၉ နှစ်တာကာလအတွင်း အဖြေရှာချင်နေသည့် မေးခွန်းတစ်ခုဖြစ်သည် ။

၁၀ နှစ်သားအရွယ်အထိ တသမတ်တည်းဟု သတ်မှတ်ထားပြီးသား နံနက်ခင်းတစ်ခုတွင် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်လာခဲ့မည်ဆိုလျှင် အဲ့သည့် တစ်ရက်တာလုံးစာအတွက် အရာရာဟာလည်း မှားယွင်းသွားတော့မည်လား ။ သို့မဟုတ် ထိုတစ်ရက်တာထက်ရော ပို၍ မှားယွင်းသွားနိုင်သလား ။ ထိုသို့ဆိုလျှင် အဲသည် ပြောင်းလဲမှုတစ်ခုက ရက်ပေါင်းဘယ်နှရက်စာ သက်ရောက်မှု ရှိနိုင်သလဲ ။ ဒါဟာ သူ နောက်ဆက်တွဲ မေးရမည့် မေးခွန်းတွေပါပင် ။

သူ ခံယူထားသော နံနက်ခင်းတိုင်းတွင် အရုဏ်ဦးနှင့်တူသော လူတစ်ယောက်၏ အသံကို အရင် ကြားရတတ်သည် ။ သူ နေ့တိုင်း ထိုလူ၏ အသံနှင့် နိုးထသည် ။ ထိုလူဟာ အရှေ့ဘက်မျက်နှာစာမှ ခရီးဦးကြိုပြုတတ်သည့် နေတစ်စင်းလို သူ့အား နေထွက်ချိန်တိုင်းတွင် လှုပ်နှိုးတတ်သည့် တမာန်တော် နတ်သားတစ်ပါးနှင့်တူသည် ။

သို့ပေမဲ့ သည်နေ့တော့ ထိုတမာန်တော် ရှိမနေခဲ့ ။ သည်နေ့တစ်ရက်တင်မဟုတ်ပါ ၊ လွန်ခဲ့သော ရက်ပေါင်း ၃၀၆၈ ရက်ခန့် အကြာကတည်းကပါပင် ။ သည်နေ့ဟာ ၃၀၆၉ ရက်မြောက်ကို ရောက်ခဲ့ပြီဖြစ်သည် ။ သူ တစ်ယောက်တည်း နိုးထလာရသော ရက်ဟာ သည်လောက်ပင် ကြာခဲ့ချေပြီပေါ့ ။


" ဒါလေး သုံးဆောင်ပါ လူကြီးမင်း "

နံနက်စာစားဖို့ ဝယ်လာသော ပေါင်မုန့်ထုတ်ကို လမ်းဘေးတွင် လှဲအိပ်နေသည့် အဘိုးအိုတစ်ဦးထံ ပေးလိုက်သောအခါ အဘိုးအိုက မမြင်မစမ်းနှင့် သူ့အား ကျေးဇူးတင်စကားလှမ်းပြောရှာသည် ။

" ရပါတယ် အဘိုး ၊ ကျွန်တော့်မှာလည်း ပိုနေလို့ပါ "

သူက ဗိုက်ဟောင်းလောင်းနှင့် နေရလည်း ကိစ္စမရှိ ။ အဘိုးထက်ဆိုင်လျှင် သူက ကိုယ်ခံအားကောင်းပါသေးသည် ။ ထိုကဲ့သို့ တွေးပြီး သူတို့ ရပ်ကွက်နားတစ်ဝိုက်မှ လေလွင့်ကြောင်များ နှင့် အိမ်ခြေရာမဲ့ ဘိုးဘွားများကို ရသလောက် စားစရာ ဝေနေသော တန်ကြေးဟာ သူ တစ်လစာ အချိန်ပိုင်း လုပ်သမျှ၏ သုံးပုံတစ်ပုံနီးပါးပါပင် ။ မနက်စာ မစားဖြစ်သော ရက်များဟာလည်း တစ်ရက် ၊ နှစ်ရက် မကတော့ ။

BE REDWhere stories live. Discover now