Walking back home

935 149 20
                                        

" ကိုကို .. " 

ကားမှန်ကို လက်ဆစ်လေးနှင့် တိုးတိုး လာခေါက်သော အသံကြောင့် ဟန်ဘင်း လန့်သွား၏ ။ ဂယူများလားဟု တွေးမိတော့ စိတ်လှုပ်ရှားသွားသည် ။ 

" ရင်း .. " 

သည်လိုနေရာမှာ ရင်းကို မြင်ရသည်မှာ ထူးဆန်းနေသည် ။ ရင်းက ကျောင်းသူ တစ်ယောက်သဖွယ် တီရှပ်အပွလေးနှင့် ဂျင်းဘောင်းဘီရှည်ကို လုံလုံခြုံခြုံဝတ်ထားသည် ။ ပါတီများတွင်သာ တွေ့ရတတ်သော ကောင်မလေး ပုံစံနှင့် မတူတော့ဘဲ တက္ကသိုလ်ကျောင်းသူတစ်ယောက်နှင့် တူအောင် ကျောပိုးအိတ်တစ်လုံးကိုလည်း လွယ်ထားသေးသည် ။ 

" ကိုကို ဘာလုပ်နေတာလဲ ၊ အခုမှ ရောက်တာလားဟင် " 

သူ မှန်ချလိုက်သောအခါ ရင်းက ကိုရီးယားသံ ဝဲဝဲဖြင့် မေးလာသည် ။ 

" ရင်း .. " 

" အင်း .. ကိုကို " 

" ကိုယ့်ကို တစ်ခုလောက် ကူညီပေးပါ " 

သူ ရင်းကို ကားမောင်းပို့ခိုင်းမှ ဖြစ်မည် ။ အခု သူ့လက်တွေ ထိန်းမရအောင် တုန်ရီနေပြီး ကားမောင်းဖို့ ခက်နေသည် ။ ထို့အတူ အဖျားငွေ့ လည်း ရှိနေသဖြင့် ပါးနှစ်ဖက်နှင့် ခန္ဓာကိုယ်၏ အပူရှိန်ကို တဖြည်းဖြည်း ခံစားလာရသည် ။ ဟန်ဘင်း သည်နေ့အတွက် အတန်းတက်နိုင်တော့မည် မထင်ပါ ။ လူတစ်ယောက်၏ စိတ်ပင်ပန်းမှုက ထိုလူ၏ ကျန်းမာရေးကိုလည်း သည်လိုမျိုး လွယ်လွယ်ကူကူ အနိုင်ယူလိုက်နိုင်သည်ပဲ ။ 

-

-

-

အိပ်မက်ဖမ်းသူလေး၏ အသံလားရာအတိုင်း ခြေရာတွေ ထပ်နေဆဲပါပင် ။ မသိစိတ်တွင် ဒဏ်ရာကို သဲ့ယူချင်သည့် ဉာဉ်ဆိုးတစ်ခု ရှိနေခဲ့သည်ဟုပဲ ဆိုကြပါစို့ ။ သို့မဟုတ် ဖလင်မေဂျာဆောင်က ကိုကို ထွက်သွားသော လမ်းကြောင်းပေါ်တွင် ရှိနေခဲ့ခြင်းကိုပဲ တိုက်ဆိုင်လွန်းသည်ဟု ပြောကြမလား ။ 

လမ်းပေါ်ကို ခြေထောက်ကို အရှိန်တင်ပြေးလိုက် ၊ ခပ်ဖြည်းဖြည်း အရှိန်လျှော့လိုက်နှင့် ပထမအချိန် မစခင်မှာ သူ့ မျက်လုံးနှစ်ဖက်က မျက်ရည်ဝနေခဲ့ချေပြီ ။ ရှပ်အင်္ကျီ လက်တွေမှာ လမ်းလျှောက်ရင်း ကမန်းကတန်း သုတ်ပစ်ရသော မျက်ရည်တို့ဖြင့် ရွှဲနှစ်လျက်ရှိသည် ။ 

BE REDWhere stories live. Discover now