The sin we did

1K 116 22
                                    

Chruch Glorious, 

" ရှာတွေ့ပြီ " 

အင်တာနက်ပေါ်တွင် ပါသော တည်နေရာအတိုင်း တစ်ယောက်တည်း တက်စီစီး၍ ရောက်လာပြီးနောက် ဂယူ သိပ်တွေ့ချင်နေသော ဘုရားကျောင်းကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ ဖြစ်သည် ။ 

ဘုရားကျောင်းသည် နှစ်ချို့အဆောက်အအုံမှန်း သိသာစွာပင် ကျယ်ဝန်းသော ခြံဧကထဲတွင် အဆောင်ငယ်လေးများ တွဲလျက် ရိုးရှင်းစွာ ဆောက်လုပ်ထားသည် ။ လက်ရှိ တည်ဆောက်နေမြဲ အဆောင်အသစ်များလည်း ရှိပြီး ဘေးပတ်ပတ်လည်တွင် အုတ်တံတိုင်းများဖြင့် ခြံခတ်ထားသည် ။ 

စနေနေ့ ဖြစ်သော်လည်း ဘုရားကျောင်းဝန်းအတွင်း၌ ဆောက်လုပ်ရေး လုပ်သားများ ၊ ဖောင်ဒေးရှင်းတစ်ခု၏ နာမည်ပါသော တူညီယူနီဖောင်းများကို ဝတ်ဆင်ထားသည့် ဝန်ထမ်းများကို အုပ်စုလိုက် တွေ့နေရသည် ။ 

အပြင်လူ ဖြစ်သည့် ဂယူ့မှာမူ ပထမဆုံးရောက်ဖူးသော နေရာအသစ်တွင် မည်သည်ကို ဦးတည်ရမှန်းမသိ ။ သည်ကို ရောက်လာရသော အကြောင်းအရင်း သက်သက် ရှိသော်လည်း လက်ရှိအချိန်မှာတော့ ဟန်ယူဂျင်းကို ရှာဖို့ကလွဲလျှင် ခေါင်းထဲဘာမှ မရှိပေ ။ 

ဆောက်လုပ်ရေး ဧရိယာမှ စုပြုံ၍ ထွက်လာသော လူတစ်စုကို ရှောင်ရှားရင်း ဖောင်ဒေးရှင်း၏ လုပ်အားပေး ကူညီသူများ ရှိနိုင်မည့် ရပ်ဝန်းသို့သာ မျက်စိကစားနေမိသည် ။ ကိုယ်စီ အလုပ်ရှုပ်နေသူများကြားတွင် သူဟာ မျက်စိ သူငယ် ၊ နားသူငယ် ဖြစ်နေသော ကလေးတစ်ယောက်လို ခံစားရသည် ။ 

ထို့အတူ အားလုံးသည်လည်း အချိန်လုပြီး ရုန်းကန်နေကြရသည့်နှယ် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေသည် ။ ပစ္စည်းသယ်သူ ၊ အလှဆင်သူ ၊ ကြီးကြပ်သူ စသဖြင့် အရှိန်မှန်မှန် စီစီညံညံ ပြေးလွှားလှုပ်ရှားနေကြသော ထို လူစုထဲတွင် ဟန်ယူဂျင်း နှင့်တူသော အရိပ်ကလေးကိုတောင် ရှာမတွေ့နိုင်သေးပါ ။ 

ပဏာမ ကျောင်းဆောင်၏ ဘေးပတ်ပတ်လည်မှ  လမ်းသွယ်ကလေးများထဲတွင် လူအနည်းဆုံးဟု ထင်ရသည့် လမ်းကို ဂယူ ဦးတည်လိုက်သည် ။ လူတွေ ရှုပ်နေလျှင် အကူအညီတောင်းရလည်း ခက်ခဲလိမ့်မည် ။ 

BE REDWhere stories live. Discover now