Star

965 125 9
                                    

၂၀၁၄ ခုနှစ် ၊ နိုဝင်ဘာ ။ 



သူ သည်အိမ်ကို ပိတ်ရက်တိုင်း ဘာကြောင့် ရောက်လာရသလဲ ကိုယ်တိုင်ပင် နားမလည်တော့ချေ ။ ရောက်လာတိုင်းလည်း ပီတာနှင့် စကားနည်းနည်းသာ ပြောဖြစ်သော်လည်း ပုံမှန် ပိတ်ရက်တိုင်း အချိန်ဖြုန်းတတ်သော စာကြည့်တိုက်တွင် နာရီပိုင်းသာ နေဖြစ်ပြီး နေ့တစ်ဝက်လောက်က သည်အိမ်ကို ဦးတည်ဖြစ်နေသည် ။


" ပန်းတို့ အကြောင်း .. " 


ထုံးစံအတိုင်း ထိုကောင်လေး စာဖတ်သည်ကို သူက ထိုင်စောင့်နေမိပြန်၏ ။ သည်တစ်ခါတော့ ထိုကလေး စွဲစွဲမြဲမြဲ ဖတ်တတ်သော စာအုပ်ကို သူ စပ်စုကြည့်ချင်လာသည် ။ စာအုပ်ကလေးသည် ပုံမှန် စာအုပ်ဆိုဒ်များထက်ပင် သေးသော အိတ်ဆောင်ဒိုင်ယာရီဆိုဒ်ကလေးပါပင် ။ ဖတ်ပါများ၍ ဟောင်းနေဟန်လည်းရှိသည် ။ 


" စိတ်ဝင်စားစရာကောင်းလို့လား ။ မင်း အမြဲ အဲ့စာအုပ်ကိုပဲ ဖတ်တတ်တယ်နော် "


ခြံထဲတွင် ဆုံလည်ကုလားထိုင်လေး နှစ်လုံးချထားပြီး ပိုင်းဖြတ်ထားသော သစ်တုံး ပင်စည် သဏ္ဍာန် အလှစားပွဲဝိုင်းပုလေး တစ်ခု ရှိသည် ။ ဟန်ဘင်း ရောက်လာသဖြင့် အိမ်တော်ထိန်း ဂျွန်က အဆာပြေ ပူတင်းနှစ်တုံး လာချပေးထားသည် ။ အအီပြေ လီမွန် ဖျော်ရည်နှစ်ခွက်လည်း ပါပေမဲ့ သူတို့ နှစ်ယောက်လုံးက တစ်မျိုးစီသာ ရွေးချယ်စားသုံးသည် ။ 


ဟန်ဘင်းက လီမွန်ဖျော်ရည် ၊ ပီတာက ပူတင်း ။ 


" အလွတ်ရတဲ့အထိ ဖတ်ဖို့ ကြိုးစားနေတာ " 


ပူတင်းပန်းကန်တွင် တပ်ထားသော ဇွန်းကို ကောက်ယူရင်း တစ်လုတ်ယူစားကာ ချက်ချင်းမဝါးသေးဘဲ ပူတင်းလေး ပါးစပ်ထဲ ပျော်သွားမည်ကို စောင့်ရင်း ပီတာက ခပ်တည်တည် ပြန်ဖြေသည် ။ 

ဟုတ်သား ၊ သူတို့အချင်းချင်းသာ သူငယ်ချင်းလို ဖြစ်နေပေမဲ့ တကယ်တော့ ပီတာက သူ့ထက် သုံးနှစ်ကျော် ငယ်သည်ပဲ ။ အမှန်ဆို ထိုကောင်လေးဟာ ပူတင်းကြိုက်တတ်သော ကလေးအရွယ်သာ ရှိပါသေးသည် ။ 

BE REDWhere stories live. Discover now