၂၀၁၅ ခုနှစ် ၊ ဇန်နဝါရီ ။
" အဒေါ် .. ဒါတွေက ဘာလုပ်မလို့လဲ "
လက်တစ်ပွေ့စာ ကတ်ထူစက္ကူပုံးတစ်ပုံးအား တိပ်နှင့်အထပ်ထပ်ပတ်လျက် အလုပ်ရှုပ်နေဟန်ရှိသော အိမ်အကူ အဒေါ်ကြီးကို မြင်သောအခါ ဟန်ဘင်း ခေါင်းလေးငုံ့ကာ စူးစမ်းမိသေးသည် ။
" ဂယူလေး မသုံးတော့မယ့် ပစ္စည်းတွေကို စုပြီး တစ်ခါတည်း လွှင့်မလို့ပါ "
" ဂယူက မသုံးတော့ဘူးလို့ ပြောလို့လား "
အဒေါ်ကြီးက သူမဘာသာ ခပ်လောလော ဖြစ်နေသဖြင့် သတိမမူမိဘဲ အမှန်အတိုင်း ဖြေလာသည် ။ ထို့နောက် ဟန်ဘင်းအား မော့ကြည့်ကာ လန့်ဖျပ်သွားပုံပေါ်၏ ။
" အိမ်တော်ထိန်း ဂျွန်က ခိုင်းလို့ပါ "
ဂယူက မနေ့ကမှ ဆေးရုံဆင်းသည် ။ သို့ပေမဲ့ သည်နေ့မှာပဲ သူအရင်က သုံးစွဲခဲ့သော ပစ္စည်းတွေကို အမှိုက်ပုံးထဲ ထည့်ကြတော့မည်တဲ့လေ ။ ဟန်ဘင်း စိတ်ကွက်သွားသဖြင့် မျက်နှာတစ်ပြင်လုံး သွေးကြောစိမ်းများထောင်ကာ ဒေါသရောင်တို့ကြောင့် ပါးနှစ်ဖက်တွင် နီရဲလာခဲ့သည် ။
ထို့နောက် အဒေါ့်ကိုလည်း အပြစ်တင်မရသည့်အဆုံး အငယ်ဖြစ်သည့် သူကသာ ဟူးခနဲ သက်ပြင်းချ၍ သူမ လက်ထဲမှ ကတ်ထူပုံးကို ဆွဲယူချပစ်လိုက်သည် ။ ကာယကံရှင်၏ ခွင့်ပြုချက်တောင် မပါဘဲ လူကြီးတွေဆိုတိုင်း သည်လို ထင်ရာစိုင်းလို့ရကြေးလား ။
" သခင်လေး ဟန်ဘင်း .. အဲ့လို လုပ်လို့ မဖြစ်ပါဘူး "
" ခဏလေး နေပါအုံး ၊ ကျွန်တော် ကြည့်ပါရစေ "
အမှန်တော့ ဤကဲ့သို့ လုပ်ထုံးလုပ်နည်းတွေဟာ ဟန်ဘင်းအတွက် အံ့ဩစရာမဟုတ်တော့သော ကိစ္စတွေ ဖြစ်နေခဲ့ပေပြီ ။ ဂယူ့ အိမ်က လူတွေက ယခုလို သံယောဇဉ်မဲ့သော အရာတွေ လုပ်တော့မည်ကို ဟန်ဘင်း ကြိုတွက်ထားပြီးသားပင် ။
YOU ARE READING
BE RED
FanfictionSung Han Bin Kim Gyuvin Han Yujin Arranged by Dalkomhan_shots Start : Aug 1, 2023 Published date : Aug 1, 2023 End :