" စောင့်နေခဲ့တာ ဂယူဘင်းရဲ့ .. "
ယနေ့ည၏ အဓိက ကာရိုက်တာဖြစ်သော အိုဟာရာက သူ့ကို မြင်သည်နှင့် ဝမ်းသာအားရ ကြိုဆိုသည် ။ ဂယူ သူ့နောက်တွင် ငြိမ်ငြိမ်လေး လိုက်ပါလာသော ယူဂျင်းကို လှည့်ကြည့်လိုက်ပြီး နောက်ကျကျန်နေခဲ့မည် စိုး၍ လက်တွဲထားလိုက်သည် ။
အိုဟာရာက သူတို့ နှစ်ယောက်ကို တွေ့ခါမှ မျက်နှာတစ်မျိုးဖြစ်သွားသည် ။ ရွှေမှုန်တင်ထားသကဲ့သို့ မီးအမှောင်ထဲတွင် လင်းခနဲ ဖြစ်သွားတတ်သည့် သူမ၏ မျက်ဝန်းများတွင် အလိုမကျမှုတို့ ခိုအောင်းသွားသည့်နှယ် အရောင်မှိန်သွားရသည် ။
ဘာလို့လဲ ၊ မင်း မျှော်နေတဲ့ ဆောင်းဟန်ဘင်း မပါလာလို့လား ဆိုသည့် မေးခွန်းကို တိုက်ရိုက်မေးလိုက်လျှင် ရှက်သွားလောက်မလားဟု တွေးမိတော့ စိတ်ကျေနပ်မှုကြောင့် ယူဂျင်း၏ လက်ကို ခပ်တင်းတင်းလေး ဆုပ်ကိုင်လိုက်မိသည် ။ ထိုအခါ ယူဂျင်းက သူ့နောက်ကို ခပ်သွက်သွက်လိုက်လာသည် ။
ဂယူ ထိုကောင်လေးကို လှည့်ကြည့်ရင်း ကျေးဇူးတင်သော အပြုံးမျိုး ပြုံးပြလိုက်မိ၏ ။ ယနေ့ညအတွက် အရေးကြီးသော ဇာတ်ကောင်ထဲတွင် ဟန်ယူဂျင်းတစ်ယောက်လည်း အပါအဝင် ဖြစ်သည်ပဲ ။
" နောက်ကျသွားလား "
ရေကူးကန်ကို ခြံရံထားသော ဟိုတယ် ပါတီခန်းနေရာတွင် လူ အချို့နှင့် ပွဲစနေပြီ ဖြစ်သည် ။ ရေကူးကန်၏ အဆုံးတွင် စတိတ်စင်ရှိပြီး ထိုစတိတ်ပေါ်တွင် ငှားထားသော နာမည်ကြီး ဒီဂျေများနှင့် မွေးနေ့ပွဲကို စဖွင့်နေပြီ ဖြစ်သည် ။
ရေကူးကန်တစ်ဝိုက်မှ လျှောက်လမ်းနေရာများတွင် ဟိုတယ်ဝန်ထမ်းများက သောက်စရာကိုင်ထားသော ဗန်းငယ်ဗန်းကြီးတို့ဖြင့် သွားချည်ပြန်ချည် မအားမလပ်ဖြစ်နေကြသည် ။
" ပွဲစတာ မကြာသေးပါဘူး ဂယူရဲ့ ၊ ဒါနဲ့ သူက .. "
![](https://img.wattpad.com/cover/348251500-288-k780809.jpg)
YOU ARE READING
BE RED
FanfictionSung Han Bin Kim Gyuvin Han Yujin Arranged by Dalkomhan_shots Start : Aug 1, 2023 Published date : Aug 1, 2023 End :