Never not

1.2K 134 25
                                    

" ဒီနေ့ တစ်ရက်တာက ဘယ်လို ရှိခဲ့ပါသလဲ ခင်ဗျာ "

ခြံတံခါးအထိ ဆင်းဖွင့်ပေးပြီး တံခါးရှေ့မှာပင် အပြုံးနှင့် နှုတ်ဆက်သော ကောင်လေးကြောင့် သူ ခေါင်းတခါခါ ဖြစ်သွားကာ ပြုံးမိသေး၏ ။ သို့ပေမဲ့ တော်ပါသေးသည် ။ အိမ်မှာထက်ဆိုင်လျှင် သည်နေရာမှာ သူ့တစ်ရက်တာက ဘယ်လို ဖြစ်ခဲ့သလဲ ဆိုသည့် မေးခွန်းကို စိတ်ဝင်တစားမေးဖော်ရသည့် လူတစ်ယောက်တော့ ရှိနေသေးသည် ။

" ဒီအတိုင်းပါပဲ "

" အနည်းဆုံးတော့ ကိုယ် ပင်ပန်းခဲ့ပါတယ် ။ ဒါပေမဲ့ မင်းကို တွေ့တော့ အမောပြေသွားတယ် ဆိုတာလောက်တော့ လာရမှာပေါ့ ကိုကိုကလည်း "

ထိုကောင်လေး ခပ်ငြုငြုပြောတော့ သူ ခေါင်းငုံ့ကာ ထပ်ပြုံးမိသေးသည် ။ တကယ်တော့ တစ်ရက်လုံးစာအတွက် အခုအချိန်လေးမှသာ ပြုံးမိခြင်းဖြစ်ကြောင်း သူ ဝန်ခံမိလျှင်လည်း ထိုကောင်လေးက မယုံသင်္ကာ ထပ်မေးဦးမည် မဟုတ်လား ။

" စကားတတ်တိုင်း မပြောရဘူး ဂယူဘင်း ။ လူတိုင်းကို အဲ့လို ပြောရင် တစ်ချိန်ချိန်မှာ ပြဿနာ တက်လိမ့်မယ် "

ဟန်ဘင်း ထုံးစံအတိုင်း လူကြီးတစ်ယောက်လို ဆုံးမမိသည် ။ အခြားလူတစ်ယောက်ကိုသာ သည်လို ဟန်ပန် အမူအရာနှင့် ပြောမည်ဆိုလျှင် အပြောခံရသူမှာ ဂယူဘင်းကို သေချာပေါက် ကြွေသွားနိုင်သည် ။

အသက် သုံးနှစ်တိတိ ကွာသော အကြီးဖြစ်သူ ဟန်ဘင်းအဖို့ အငယ်ဖြစ်သည့် ဂယူ့ကို လိမ္မာအောင် ဆုံးမဖို့ တာဝန်ရှိသည် ။ ရည်းစားများသော ထိုကလေး၏ အကျင့်ကိုလည်း သူ ပြင်ပေးရဦးမည် ။ လက်ရှိအချိန်မှာ ဟန်ဘင်း၏ စေတနာတွေက ဂယူ့အဖို့ ချုပ်ချယ်လွန်းသည်ဟု ထင်ကောင်းထင်နိုင်ပေမဲ့ နောင်တစ်ချိန်မှာတော့ နားလည်နိုင်မည်ထင်ပါသည် ။ သူ သည်ကြားထဲမှာ လစ်လပ်ခဲ့သမျှ လိုအပ်ချက်တိုင်းကို ပြန်ဖြည့်ပေးဖို့ ဆုံးဖြတ်ထားသည် ။

ဒါဟာ သည်ကောင်လေး ဂယူဘင်းအပေါ် ထားသည့် ဟန်ဘင်း၏ စိတ်ရင်း သန့်သန့် ပါပင် ။

" အိုးဟိုးဟိုး .. ကျွန်တော်က ဒီလို စကားတွေကို ကိုကို တစ်ယောက်တည်းကိုပဲ ပြောတာပါနော် "

BE REDWhere stories live. Discover now