The destiny of us

987 100 8
                                    

Flashback>>



Church Glorious,


စီနီယာ ဆောင်းဟန်ဘင်းနှင့် နောက်ဆုံး တွေ့ဆုံပြီး ၃ ရက်မြောက် ။



" ဒီနှစ်တွေအတွင်းမှာ ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဖာသာ ။ ဂေဟာက လူအားလုံးရဲ့ ကျေးဇူးကြောင့် ကျွန်တော် အခုလို ကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်ခွင့် ရခဲ့တာပါ ။ အခုတော့ ကျွန်တော် တစ်ယောက်တည်း ရှေ့ဆက်လျှောက်သင့်တဲ့ အချိန်ကို ရောက်လာခဲ့ပြီ ထင်ပါတယ် "


ဂေဟာနှင့် ဘုရားကျောင်း၏ အကြီးအကဲဖြစ်သော ဖာသာကြီးနှင့် တွေ့ဆုံပြီး နှုတ်ဆက်စကားပြောနေစဉ် သူ နှင့် ဤနေရာလေး၏ အမှတ်တရဟူသမျှကို ခေါင်းထဲတွင် အဆက်မပြတ် ပြန်မြင်ယောင်လာသည် ။

နောက်ဆုံးတော့ သူ့ထံမှာလည်း အဲသည်လိုနေ့မျိုးလည်း ရောက်လာခဲ့ပေပြီကိုး ။ မိမိ ရှေ့မှ အစ်ကို အစ်မများ တစ်ယောက်ပြီးတစ်ယောက် ကျောခိုင်းထွက်ခွာသွားခဲ့ကြသလိုမျိုး သည်နေရာလေးကို အပြီးတိုင် နှုတ်ဆက်ရတော့မည့် နေ့ရက်တစ်ရက်ကိုလည်း သူ ကိုယ်တွေ့ ကြုံရတော့မည်ပဲကိုး ။

" သေချာ ဆုံးဖြတ်ပြီးပြီလား ယောဟန် "

သူ ဖာသာ့ထံ မျက်နှာမူလျက် အေးဆေးစွာ ခေါင်းညိတ်ပြလိုက်သည် ။ သူ့မျက်နှာတွင် အပြုံးပါးပါးတော့ ရှိနေမည် ထင်သည် ။ ထိုအပြုံးဟာ မျက်ရည်မကျမိအောင် ထိန်းထားရသော အပြုံးမျိုး ဖြစ်သည် ။


" ဘယ်သူမှ မယုံကြည်ခဲ့ကြပေမဲ့ ကျွန်တော် အသက် ၆ နှစ်တုန်းက ကျွန်တော့်အဖေလို့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ လူတစ်ယောက် ဒီဂေဟာကို ရောက်လာခဲ့ဖူးတယ် ။ ကျွန်တော့်အနီးတစ်ဝိုက်က ဖာသာတွေ ၊ စစ်စတာတွေကို ပြောပြတော့ သူတို့က ကျွန်တော် မိဘတွေကို လွမ်းလွန်းလို့ အိပ်မက်မက်နေတာလို့ ပြောတယ် "


ဖာသာကြီးသည် ယောဟန်၏ စကားတွေကို သေချာ ငြိမ်၍ နားထောင်ပေးသည် ။

BE REDWhere stories live. Discover now