What was I made for?

1.4K 157 23
                                    

" ဒါက ကျွန်တော့်သား ဆောင်းဟန်ဘင်းပါ ကိုယ်စားလှယ် နာ "

" ခင်ဗျားရဲ့သားကို ကျွန်တော်သိပါတယ် ။ ကျွန်တော့်သမီးတောင် သိသေးတယ် ၊ သူက အွန်လိုင်းပေါ်မှာလည်း ရေပန်းစားတာပဲ "

ဟန်ဘင်း သည်တစ်ညနေလုံး ဟန်ဆောင်ပြုံးနေရ၍ အားအင်ကုန်ခမ်းလာသလို ခံစားရသည် ။ သူ နှစ်ခြိုက်စွာ ပြုံးပြခါမှ ပေါ်လာတတ်သည့် ပါးနှစ်ဖက်မှ ကြောင်နှုတ်ခမ်းမွေး ပုံစံ အစင်းကြောင်းလေးများကို မေမေ့အလိုကျ ဖောဖောသီသီ ထုတ်သုံးထားပြီးပြီဖြစ်သည် ။

ပွဲခင်းထဲတွင် အချိန်ကြာလာသည်နှင်အမျှ စိတ်ပင်ပန်း ၊ လူပင်ပန်းလာပြီး မျက်နှာတည်တည်တင်းတင်း ဖြစ်သွားသောအခါ သူ့ဘေးမှ မေမေက ဟန်ဘင်း၏ လက်ခုံကို မသိမသာ လာတို့၏ ။



" ပြုံးထားလေ ဟန်ဘင်း .. မင်းက မျက်နှာတည်နေရင် စိတ်ဆိုးနေတဲ့ပုံပေါက်တယ် "

ပုံမှန် ညစာစားပွဲတောင်မဟုတ်ပါဘဲ ပါတီတစ်ခုကို ရောက်နေခဲ့သည်မို့ သူတို့က မိုးတိုးမတ်တပ် အနေအထားဖြင့်သာ တွေ့သမျှလူကို နှုတ်ဆက်နေရသည် ။ တကယ်ဆို သူတို့မိသားစု၏ စီးပွားရေးက လက်ရှိ ဟိုတယ် ခန်းမထဲတွင် ရှိနှင့်နေပြီးသား လူအားလုံးထက်ပင် အပုံကြီး သာပါသည် ။ သို့သော် ဖေဖေ နှင့် မေမေ သည်လူတွေကို ရို့ကျိုးဆက်ဆံနေရသည့် အကြောင်းအရင်းကို ဟန်ဘင်း ကောင်းကောင်းသိသည် ။

" SKIES ရဲ့ ဆက်ခံသူ ဖြစ်လာမယ့်ကောင်လေးပဲ .. ငါ့သမီးနဲ့ နေရာချထားပေးရမယ်ဟေး "

" မင်းကွာ .. ငါ့သားကို အခုကတည်းက ကြိုလုနေပြီလား "

နောက်ထပ် တွေ့ရသော သည်လူကြီးဟာ ဖေဖေ အခင်ဆုံး စီးပွားရေး လုပ်ငန်းရှင် တစ်ဦးပါပင် ။ သည်နယ်ပယ်မှာတောင် သူငယ်ချင်းအရင်းလို ဆက်ဆံပြောဆိုနေသေးသည့်တိုင် လူပျိုပေါက်ဘဝကတည်းက ဖေဖေနှင့် အတူတကွ လုပ်ငန်းခွင် ဝင်လာသော သူဌေးသားတစ်ဦးဖြစ်သည် ။

ထိုသူကမူ ဟန်ဘင်းကို မြင်သည်နှင့် အမှန်တကယ် ရွှေသမက် တော်ချင်နေသည့် မျက်နှာဖြင့် လှမ်းနှုတ်ဆက်လာသည် ။ ဟန်ဘင်း ထပ်မံပြုံးပြရပါသေး၏ ။ သူ့ကို စိတ်ရင်းဖြင့် ပြုံးပြနိုင်ပေမဲ့ သူ့နောက်တွင် ပါလာသော ဂယူ့အရွယ်ကောင်မလေးကိုတော့ ဟန်ဘင်း သေချာ မပြုံးပြနိုင်တော့ ။

BE REDWhere stories live. Discover now