The bus stop

1.7K 164 27
                                    

၂၀၁၄ ခုနှစ် ၊ အောက်တိုဘာ ။ 


" ဂယူလေးက ဒီအိမ်ကို စိမ်းနေသေးလို့ပါ ၊ ဟန်ဘင်းက သူနဲ့အတူ အတူဆော့ပေးနော် .. နှစ်ယောက်သား အဖော်ရတာပေါ့


အိမ်တော်ထိန်း ဂျွန်ကတော့ ဟန်ဘင်းကို ထိုသို့ မှာထားသည် ။ သို့ပေမဲ့ လက်ရှိ၌ ဟန်ဘင်းမှာမူ နှစ်ယောက် တွဲဖက်ဖြစ်ရမည့် ဂိမ်းစက်ကို ကိုင်ပြီး ကွန်ပျူတာနဲ့ ယှဉ်ကာ သူ တစ်ယောက်တည်းသာ ဆော့နေရသော အဖြစ်သို့ ရောက်နေသည် ။ 

ဟန်ဘင်း၏ မျက်စောင်းထိုးနေရာလေးက အနှီကောင်လေးမှာတော့ ဂိမ်းကို လှမ်းကြည့်ရုံကလေးပင် စိတ်ဝင်စားပုံမရချေ ။ လူ့တစ်ရပ်စာမက မြင့်သော မှန်ချပ်ကြီးနှင့် အလှဆင်ထားသည့် ပြတင်းတံခါး ဘေးတွင်သာ မလှုပ်မယှက်ရှိနေခဲ့၏ ။ စာအုပ်တစ်အုပ်ကိုလည်း ကိုင်ထားလျက် လူကြီးလေးတစ်ယောက်လို စာထိုင်ဖတ်နေသည် ။ 

အတိအကျဆိုရလျှင် စာဖတ်နေသည်တော့ မဟုတ်ဘဲ စာရွက်တွေကို တစ်ရွက်ချင်းလှန်ပြီး ငေးနေခဲ့သည့်ပုံစံရှိသည် ။ တစ်ခါတလေ သူ့ရင်ဘတ်မှ ဆွဲကြိုးကလေးကိုလည်း ကိုင်ပြီး အိမ်အပြင်မှ ဟိုးအဝေးတစ်နေရာကို မျက်မှောင်ကုပ်ကြည့်တတ်သေးသည် ။ 

ဘာလေးလဲတော့မသိ ။ သာမန်ကလေးတစ်ယောက်ထံ ရှိသင့်သည့် ဟန်ပန်အမူအရာမျိုးထက် အဆမတန် တည်ငြိမ်အေးဆေးလွန်းနေသော ၁၃ နှစ်အရွယ်ကလေးတစ်ယောက်ကို သူ ဆော့လက်စ ဂိမ်းထက်ပို၍ အာရုံစိုက်နေမိသည် ။ ထိုကောင်လေး တမင်တကာများ လူကြီးယောင်ဆောင်နေသလားဟုတောင် ဟန်ဘင်း စိတ်ထဲ တွေးလိုက်မိသေး၏ ။ 


အထက်တန်းတက်ခါနီးအရွယ်ဖြစ်သော်လည်း ဟန်ဘင်းက လူကြီးစကားကို မြေဝယ်မကျ နားထောင်တတ်သူရယ်မို့ မှာထားသည့်အတိုင်း အတိအကျ လုပ်တတ်သော အကျင့်က ဤနေရာတွင် သူ့အား ကောင်းကောင်းကြီး ဒုက္ခပေးနေသည် ။ တစ်စုံတစ်ယောက်က မှာသွားသည့်အတိုင်း မလုပ်နိုင်ခဲ့လျှင် မိမိကိုယ်ကိုယ် တာဝန်မကျေသလို ခံစားရသည် ။

BE REDWhere stories live. Discover now