အပိုင်း(၄) [Unicode]

2.5K 54 0
                                    

"လုမော်.."

"အေးပြော မနက်အစောကြီးဘာလို့ဆက်တာလဲ"

"မင်းကို ကူညီပေးခိုင်းစရာရှိလို့"

သိုက်ဂုဏ်စိန်သည် လုမော်အား အကူအညီတောင်းစရာရှိသဖြင့် မနက်အစောကြီး ဖုန်းဆက်လိုက်ခြင်း ဖြစ်သည်..။ အကူအညီမတောင်းစဖူးသူသည် ရုတ်တရက် ကူညီပေးခိုင်းစရာရှိကြောင်း ပြောလာသဖြင့် လုမော်အနည်းငယ်အံ့သြသွားရ၏..။

"ဘာကိစ္စတုန်း ငါ့ကိုအကူအညီတွေတောင်းလို့"

"မင်းကူညီမှာလား မကူညီဘူးလား"

"နေဦးလေ မင်းတောင်းမယ့်အကူအညီကို ငါမှမသိသေးပဲ"

"အေး အခုပြောမယ် ၊ သေချာနားထောင်"

"ပြော.."

"ရွာတစ်ရွာကသူဌေးကြီးတစ်ယောက် သူတို့အိမ်ရဲ့စီးပွားရေးသိပ်မဟန်တော့လို့ ငါဆီရောင်းချင်တယ်လို့ပြောတယ် ၊ သူတို့စီးပွားရေးအခြေအနေကို ပိုသိရအောင် ငါရွာဘက်ဆင်းမလို့ ၊ အဲ့တာမင်းကိုအဖော်လိုက်ခိုင်းဖို့ ဖုန်းဆက်‌ပြောတာ"

"မင်းဘယ်နှစ်ရက်သွားမှာလဲ"

"၁ပတ်လောက်ပေါ့"

"၁ပတ်ပဲ‌ပေါ့ အဲ့ဆိုရတယ်.. ဘယ်အချိန်သွားမှာလဲ"

"ဆယ်နာရီလောက်ဆို သွားမယ် ၊ အထုပ်ပြင်ထား"

"အေး မင်းကားနဲ့လာခေါ်မှာမလား"

"အင်း.."

"အဲ့ဆို ဒါပဲ.."

**************

ငွေနှောင်းသည် အိပ်ရာထဲ သတိမေ့မျောနေဆဲ..၊ ဆေးသွင်းပြီးသော် ယခုညနေချိန်ထိ နိုးမလာသေးပေ..။ ဦးမြိုင်လည်း သမီးဖြစ်သူကို ကြည့်ရင်း ရင်ထဲတွင်ဝမ်းနည်းမှုများ စို့တက်လာသည်..။

"အနှောင်းလေးရေ"

"ဖေဖေချစ်တဲ့ အနှောင်းလေး နိုးပါတော့ကွယ်"

"ဖေဖေလေ သမီးစာကောင်းကောင်းမလုပ်နိုင်မှာစိုးရိမ်လို့ မပြောဖြစ်တာပါ သမီးလေးရဲ့ ၊ ဖေဖေတမင်ဖုံးကွယ်ထားတာ မဟုတ်ပါဘူး"

"အနှောင်းလေး ဖေဖေ့ကိုမမုန်းရဘူးနော် ၊ ဖေဖေ့မှာ အနှောင်းလေးတစ်ယောက်ပဲရှိတာ ၊ မေမေလည်း တမလွန်ဘဝမှာ အနှောင်းလေးကို စိတ်ပူနေမှာ"

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now