အပိုင်း(၁) [Unicode]

8K 119 3
                                    

ည၁၁နာရီခွဲခန့် ‌ဖယောင်းတိုင်‌လေးတစ်တိုင် ထွန်းပြီး ထိုမီးရောင်မှိန်မှိန်ကလေးအောက်တွင် စာလုပ်နေသည့်ကောင်မလေးတစ်ယောက်.. အချိန်သည်လည်းညနက်လှပြီဖြစ်၍ အဆောင်တွင် တစ်ခန်းထဲအတူနေရသည့် သူမ၏သူငယ်ချင်းမြနှင်းမှုံသည် တရေးနိုးလာကာ..

"ငွေနှောင်း မအိပ်သေးဘူးလား"

"အင်း ဒါလေးပြီးရင်အိပ်တော့မယ်"

"စောအိပ်ပါလား ငွေရာယ်.. ညတိုင်းညတိုင်း နောက်ကျမှအိပ်တော့ နင့်မျက်နှာကိုလည်း ကြည့်ပါအုံး.. မျက်ကွင်းတွေညိုလို့"

"ငါသိပါတယ် ဒီနှစ်လည်းအမှတ်အများကြီးလိုချင်လို့ နေ့မနား ညမနားပဲ စာလုပ်တာ"

"ဟင့် စာမလုပ်လဲတော်ပြီးသားကို ၊ ကဲပါ..ဒါပြီးရင် တကယ်အိပ်ရမယ်နော်"

"အင်းပါ စိတ်မပူပါနဲ့ မြရဲ့.. ငါနေကောင်းပါတယ်ဟာ"

"အခုတော့ ပြောကောင်းနေတာပေါ့ ‌၊ စာမေးပွဲပြီးရင် အိပ်ရာထဲ ဘုန်းဘုန်းလဲနေတာလည်း သူပဲ"

"အေးပါ အေးပါ အခုစာအုပ်သိမ်းပြီး အိပ်တော့မယ်နော်"

"ဒါမှ မေမီငွေနှောင်း ဟီးဟီး"

ငွေနှောင်းသည် ည၇နာရီမှစပြီး ၁၂နာရီထိုးခါနီးနီးအထိ စားပွဲခုံနားမှ ခြေလှမ်းတစ်လှမ်းမျှ မခွာပဲဆက်တိုက်စာလုပ်နေသည့်အတွက် ခြေလက် ၊ ပုခုံး ၊ ဇက်ကြောများ ကိုက်ခဲညောင်းလှပြီ..။ ‌အ‌ညောင်းပြေဖို့ရန် အကြောလျော့‌လေ့ကျင့်ခန်း အနည်းငယ်လုပ်လိုက်သည်..။ ငယ်စဉ်ကတည်းက ဖအေသည် နေ့တိုင်းတစ်နေ့နှစ်ခါ ဘုရားရှစ်ခိုးရမည်ဟု ဆိုဆုံးမထားသဖြင့် အိပ်ရာဝင်ချိန်ရောက်တိုင်း လုပ်ဆောင်နေကျအတိုင်း ထုံးစံမပျက် ‌ဘုရားရှစ်ခိုးပြီးမှ အိပ်ရာဝင်လေ့ရှိသည်..။

***************

ကားဟွန်းတီးသံများ ၊ ဈေးသည်များ၏အော်သံ ၊ ချိုသာလွန်းလှသည့် ငှက်ကလေးများ၏ တေးသံသာချိုချိုကလေးများကို နံနက်ခင်းအစောပိုင်းကတည်းက ကြားရသည်..။ နေမင်းကြီး၏ အလင်းဖြာတန်းသည်လည်း "ကံ့ကော်"ဟုအမည်ရသည့် မိန်းကလေးများသာရှိ‌သော အဆောင်တွင်းသို့ ဖြာကျလျက်..။ အဆောင်၏ဒုတိယထပ် လေးခန်းမြောက်အခန်းတွင် မြနှင့်ငွေနှောင်းတို့‌နေသည်..၊ နေထွက်ပြီဖြစ်သော်လည်း ကောင်မလေးနှစ်ယောက်မနိုးသေးပဲ အိမ်မက်ကောင်းများမက်နေဆဲပင်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now