အပိုင်း(၉) [Unicode]

2.1K 56 2
                                    

"မြ"

ကြိုဆိုမည့်သူမရှိ..၊ ဟောခန်းအပြင်ဘက်တွင် တစ်ယောက်တည်းရပ်စောင့်နေသည့် မြကို ငွေနှောင်းလှမ်းခေါ်လိုက်၏..။

"ဘေဘီ.."

"မေမေတို့ မလာဘူးလား"

မြမှာ ဖြေစရာအဖြေမရှိ ခေါင်းသာခါပြသည်..၊ ငွေနှောင်းသိသည့်အတိုင်း မြမိဘသည် မည်သောအခါမျှ မြကို ဂရုစိုက်လေ့မရှိချေ..။ ‌

"ဘာမှမဖြစ်ဘူး ငွေနှောင်းတို့နဲ့ လိုက်ခဲ့လေ"

"မြကို အနှောင်းတို့နဲ့အတူခေါ်သွားလို့တယ်မလားဟင်"

သိုက်ဂုဏ်စိန်ဘက် လှည့်ကာ ထိုစကားဆိုလိုက်၏..။ မြနှင့်စကားပြောလျှင် ခပ်တည်တည်ဆိုပေမယ့်လည်း သိုက်ဂုဏ်စိန်နှင့် စကားဆိုလျှင် 'ဟင်' ၊ 'ရှင်' အမြဲပါသည်..။

"အင်း.."

သူသည် မခေါ်ချင်သလို မချိတင်ကဲမျက်နှာထားမျိုးနှင့် သဘောတူလိုက်၏..။ မြမှာမူ သိုက်ဂုဏ်စိန်နှင့်တွေ့လျှင် စိတ်ထဲတွင် မ‌ကျေမနပ်ဖြစ်ရသည်..။ အကြောင်းကား အခြားမဟုတ်..၊ ငွေနှောင်းကို ဓာတ်ပုံဆိုင်တွင် စကားအကောင်းမပြောခြင်းကြောင့်ဖြစ်သည်..။

"အဆင်ပြေပါ့မလား ဘေဘီ ၊ တစ်ယောက်‌ယောက်က မခေါ်ချင်ပဲ ခေါ်လိုက်ရသလိုလေ"

"မင်း..."

သိုက်ဂုဏ်စိန်သည် မခံချင်စိတ်ဖြင့် မြကိုမျက်စောင်းထိုးကာ စကားလုံးတစ်လုံးသာ ပြောထွက်လာ၏..။

"အယ် အယ်.. လူမြင်ကွင်းမှာစကားမများကြပါနဲ့ ရှက်စရာကြီး"

"အင်း.."

"အာ့ဆိုလည်း ပြီးရော ၊ ပုံသွားရိုက်ရအောင် ဘေဘီ"

"ဟုတ်ပြီလေ ဝါဝါအောင်တို့ရော"

"ဟောခန်းထဲရှိတုန်းထင်တယ်"

ပြောရင်းဆိုရင်း ဝါဝါအောင်နှင့်မီးလေးတို့ ဟောခန်းထဲမှ အပြေးအလွားနှင့် ထွက်လာသည်..။

"အဲ..ဟိုမှာ"

"ငွေနှောင်းးး"

ဝါဝါအောင်နှင့်မီးလေးတို့၏ လူအားလုံး မလှည့်ကြည့်ရုံတမယ် ကျယ်လောင်လှသောအော်သံဖြင့် သူမနာမည်ကို အော်ခေါ်လိုက်သည်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now