အပိုင်း(၁၃) [Unicode]

2.1K 61 2
                                    

နေရာရောက်တော့ သိုက်ဂုဏ်စိန်ကားရပ်လိုက်သည်..။ ငွေနှောင်း သူ့ဘာသာ ကားထဲကဆင်းဖို့ ဟန်ပြင်လိုက်တော့ သိုက်ဂုဏ်စိန်က သူဖွင့်ပေးမှဆင်းဖို့ ပြောသည်..။ ငွေနှောင်းလည်း သိုက်ဂုဏ်စိန်လာဖွင့်ပေးမှာကို စောင့်‌နေ၏..။ ကားပေါ်ကဆင်းတော့ ငွေနှောင်းကို သိုက်ဂုဏ်စိန် တစ်ခုမှာသည်..။

"ကျုပ်ပြောတာ နားထောင် ၊ အမေတို့ရှေ့ရောက်ရင် ကျုပ်ကို မောင်လို့ခေါ်ခေါ် ကိုကိုလို့ခေါ်ခေါ် အဲ့လိုခေါ်ရမယ် ၊ နာမည်မခေါ်နဲ့ကြားလား.. ရင်းရင်းနှီးနှီးနေပေး"

"ဘာလို့လဲဟင်"

"မင်းသိစရာမလိုဘူး ၊ ကျုပ်ပြောတဲ့အတိုင်းပဲလုပ်"

"ဟုတ်ကဲ့"

"ဒါဆို အထဲဝင်ရအောင်"

သိုက်ဂုဏ်စိန်ရဲ့စိတ်ကို ငွေနှောင်း ခန့်မမှန်းနိုင်ပါ..။ ယခုလည်း ကြည်ပါလား.. နာမည်မခေါ်ပဲ "မောင်"ဖြစ်ဖြစ် "ကိုကို"ဖြစ်ဖြစ်ခေါ်ပါတဲ့..။ ချစ်သူရည်းစားမဟုတ်ပဲနှင့် ထိုသို့ခေါ်ရမှာ ရှက်တော့ရှက်သား..။ သို့ပေမယ့်လည်း သူတစ်ခွန်းဆို တစ်ခွန်း စကားနားထောင်ရတာမလို့ အများကြီးတွေးမနေတော့ပဲ သိုက်ဂုဏ်စိန်နောက် လိုက်ခဲ့သည်..။

ငွေနှောင်းသည် သိုက်ဂုဏ်စိန်နှင့် ဘေးချင်းကပ်ရပ်နေပြီး လမ်းလျှောက်တာမဟုတ်ပဲ..၊ သူ့အနောက်တွင်သာ နေပြီး လမ်းလျှောက်သည်..။ ရင်းရင်းနှီးနှီး‌နေပါဟုဆိုသော်လည်း ဘေးချင်းကပ်ရပ် မနေရဲပါချေ..။ ငွေနှောင်း အပြင်သိပ်မထွက်ဖူးတာမလို့ နေရာအစုံကို ဟိုလှည့်ဒီလှည့်လိုက်ကြည့်ရင်း သိုက်ဂုဏ်စိန်ရဲ့ခြေလှမ်းဟာ ရပ်တန့်သွားသော်လည်း သတိမထားမိတဲ့အထိ ငေးကြည့်နေမိသည်..။

နှစ်လက်မခန့်မြင့်‌သော အညိုရောင်ကတ္တီပါဖိနပ်လေး စီးထားတာကြောင့် သိုက်ဂုဏ်စိန်၏ကျောပြင်ကို ဝင်တိုက်မိသည့်အချိန်တွင် ဘေးသို့အနည်းငယ်ယိုင်ကျသွားသည်..။ ငွေနှောင်းလည်း လှမ်းမိရာ သိုက်ဂုဏ်စိန်ရဲ့ပုခုံးကိုဆွဲကိုင်လိုက်ပြီး သိုက်ဂုဏ်စိန်လည်း သူမခါးသေးသေးလေးကို သိမ်းကျုံးဖက်လိုက်၏..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now