အပိုင်း(၇) [Unicode]

2.1K 63 1
                                    

ရုံးသို့ရောက်သောအခါ အလုပ်သမားများသည် ထူးဆန်းအံ့ဩသောအကြည့်များဖြင့် သိုက်ဂုဏ်စိန်နှင့်သူမအား ကြည့်နေကြသည်..။ ထိုအကြည့်များကြောင့် ငွေနှောင်း၏ တောက်ပနုနယ်သောအပြုံးများသည် ရုတ်တရက်ပျောက်ကွယ်သွားကာ သိုက်ဂုဏ်စိန်၏မျက်နှာထားအတိုင်း ချက်ချင်းပြောင်းသွား၏..။ သိုက်ဂုဏ်စိန်သည် ငွေနှောင်းအား ဘာမှမပြောသဖြင့် သူမလည်း သိုက်ဂုဏ်စိန်နောက် တပ်ကျပ်မကွာလိုက်ကာ သူ့ရုံးခန်းထဲထိလိုက်ဝင်သွားသည်..။ သိုက်ဂုဏ်စိန်၏ ရုံခန်းမှာ သန့်ရှင်းရေးမလုပ်ရသေးသော်လည်း လုပ်ထားသည့်အတိုင်းပင် သန့်ရှင်းပြောင်လက်နေ၏..။

"......"

"အနှောင်း ဘာလုပ်ရမလဲရှင့်"

"ဒီစာရွက်စာတမ်းတွေကို စစ်ပြီး အစဉ်လိုက်တိုင်းပြန်စီပေး ၊ ပြီးရင်ဖိုင်ထဲညှပ်ထား"

"ဟုတ်ကဲ့.."

ငွေနှောင်းသည် အရင်ဦးစွာ လေကောင်းလေသန့်ရရှိစေရန် ပြူတင်းပေါက်ကို အရင်ဆွဲဖွင့်လိုက်ပြီးမှ သူမှာသည့်အတိုင်း စာရွက်စာတမ်းများကို သေချာစစ်ကြည့်ပြီး  ဖိုင်ထဲသို့ညှပ်ထားကာ စားပွဲပေါ် စီစီရီရီ သပ်သပ်ရပ်ရပ်ကလေးဖြင့် ထားပေးလိုက်၏..။

"ပြီးပါပြီ.."

ဒေါက်...ဒေါက်...ဒေါက်...

"ဝင်ခဲ့"

တံခါးကိုဆွဲဖွင့်ပြီး အမျိုးသမီးတစ်ယောက် ဝင်လာသည်ကို ငွေနှောင်းတွေ့လိုက်၏..။ ထိုအမျိုးသမီးသည် ရုံးခန်းထဲ ငွေနှောင်းကိုတွေ့သောအခါ နားမလည်သောအကြည့်များနှင့် အသံတိတ်စွာဖြင့် သူမအားကြည့်နေသည်..။ ငွေနှောင်းလည်း ထိုအမျိုးသမီးနှင့် အလားတူပင်..။

"တဆိတ်လောက်ပါ ဘယ်သူလဲမသိဘူးနော်"

"ရှင်"

"ဪ အလုပ်သမားအသစ်ထင်တယ်"

"မဟုတ်...."

"ကျုပ်ရဲ့အတွင်းရေးမှူး"

"ဟင်.. ဘယ်လို"

သိုက်ဂုဏ်စိန်၏ ကြားဖြတ်ဝင်ပြောလိုက်သည့်စကားကြောင့် ထိုအမျိုးသမီးမှာ ပို၍အံ့ဩသွားရသည်..။ ငွေနှောင်းမှာ ဒီတိုင်း ကြောင်ကြည့်နေလျက်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now