အပိုင်း(၃၂) [Zawgyi]

580 2 0
                                    

ငွေနှောင်း အိပ်ရာမှ နိုးလာခဲ့သည်..။ သူ့ဘေးတွင် သိုက်ဂုဏ်စိန် ထိုင်နေ၏..။ သူ့လက်ကိုပင် ဆုတ်ကိုင်ထားသေးသည်..။ သိုက်ဂုဏ်စိန်၏ လက်ကို ခါထုတ်လိုက်ပြီး လဲအိပ်ရာမှ ထထိုင်လိုက်သည်..။

"အနှောင်း နိုးပြီလား"

"ရှင့်ကို မမြင်ချင်ဘူး"

"ဘာ!"

ဘာ ဟုသော အသံမှာ ဒေါသပါသလိုဖြစ်ပြီး အနည်းငယ် ကျယ်လောင်သွားသည်..။

"ဟို.. ကိုယ်အသံနည်းနည်းကျယ်သွားတယ် စိတ်မဆိုးပါနဲ့နော်"

"စိတ်မဆိုးခိုင်းဘူးဆို အပြင်ထွက်နေပေးပါလား ၊ တံခါးလည်း လာမခေါက်နဲ့ ၊ ထမင်းစားဖို့လည်း လာမခေါ်ပါနဲ့"

"မလုပ်ပါနဲ့ အနှောင်းရဲ့ ၊ မူးလဲသွားတာ အားသိပ်မရှိသေးဘူးလေ ၊ အစာစားရဦးမယ် ၊ ဆေးသောက်ရဦးမယ်လေ နော်.."

နူးညံ့ညံ့အသံနှင့် ပြောနေသော်လည်း ငွေနှောင်း နားမဝင်ပါ..။

"ဘာလို့ဂရုစိုက်နေတာလဲ"

"မြတ်နိုးလို့ပါ"

"မြတ်နိုးတယ်ဆို ဘာကြောင့် အဲ့လိုကိစ္စမျိုး ဖုံးကွယ်ထားရသလဲ ၊ ဖေကြီးနဲ့ မေကြီးက အနှောင်းကြောင့် ဆုံးသွားတာ ၊ အဲ့တာကို ကိုကိုတို့က ဖုံးကွယ်ထားကြတယ် ၊ ကိုကိုကရော ဘာလို့ သေမှာလဲ ၊ သနားတယ်ဆို အနားမှာနေပေးလေ ၊ ဘာလို့ အဝေးကြီးထွက်သွားမှာလဲ ၊ ဘာကိုအစားထိုးခံရမှာလဲ ၊ မဟုတ်ရင် အနှောင်း သေမှာပဲ ဥစ္စာ"

သိုက်ဂုဏ်စိန်သည် မျက်ရည်တစ်ပေါက်ပေါက်နှင့် ငိုယိုပြီး ပြောနေသည့် သူမ၏ နှုတ်ခမ်းသားပေါ် လက်ညိုးဖြင့် ဖိကပ်လိုက်ပြီး...

"ရှူးးး အဲ့လိုမပြောရဘူး ၊ အနှောင်း မသေဘူး ၊ ကိုယ်တို့က အကြာကြီး အတူတူရှိသွားမှာသိလား"

"ကိုကို လူအစားထိုးတာကို မလုပ်ပါနဲ့လား"

"...."

"မလုပ်တော့ဘူးလို့ ပြောပါလားဟင်"

သိုက်ဂုဏ်စိန်ကို ဆုံးရှုံးရမှာ ကြောက်၏..။ သိုက်ဂုဏ်စိန်လည်း ထိုအလားပင်..။ ငွေနှောင်းကို ဆုံးရှုံးရမှာ ကြောက်သည်..။ သိုက်ဂုဏ်စိန်မှ အသံမထွက်တော့ သဘောမတူတဲ့သဘောပေါ့..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now