အပိုင်း(၂၆) [Zawgyi]

323 4 0
                                    

သိုက်ဂုဏ်စိန်သည် မီးဖိုချောင်ထဲ၌ မေးမြန်းခြင်းမရှိပဲနှင့် ကြီးစိန်ပြောသမျှ နားထောင်ခဲ့သည်မှာ အချိန်ကား နာရီဝက်ကြာသွားလေသည်..။ သိုက်ဂုဏ်စိန်ရော ကြီးစိန်ရော မျက်နှာ မကောင်းကြပါချေ..။

"အဲ့အဘွားကို ဘယ်မှာသွားရှာရမလဲ"

"အခုတော့မသိပေမယ့် အရင်က ပန်ညုရွာရဲ့ အနီးအနားတစ်ဝိုက်မှာနေတာ ၊ ဇမ္ဗူရွာ"

"ကျွန်တော်ပဲ သွားရှာလိုက်မယ် ၊ ဒီကိစ္စကို သေချာသိသွားအောင် ပြောပြပေးလို့ ကျေးဇူးပါ ကြီးစိန် ၊ အနှောင်းအတွက် ကျွန်တော်တို့ အတူတူအဖြေရှာကြတာပေါ့ ၊ ကျေးဇူးပြုပြီး အချိန်တစ်ခုထိတော့ ဆက်ပြီးလျှို့ဝှက်ထားပေးပါ"

"အရာရာအဆင်ပြေသွားမှ မမလေးကို ပြောပြမယ်‌ကွယ်"

သိုက်ဂုဏ်စိန် ခေါင်းညိမ့်ပြလိုက်ပြီး မီးဖိုချောင်တွင်းမှ ထွက်လာခဲ့လိုက်လေသည်..။ မကြာပါ.. ငွေနှောင်း ရေမိုးချိုးပြီးလေသည်..။ လဝန်းငယ်ကတော့ သူ့မမလေး သတိမထားမိလေအောင် အ‌ခါတိုင်းလို ညနေစောင်းလျှင် ခြံထဲဆင်းပြီး ပန်းပင်ပျိုးသည့် အလုပ်များကိုလုပ်သည်..။

အပြင်မှ ပြန်လာသည့်အတွက် ဖုန်မှုန့်တို့လို သာမာန်မျက်စိနှင့် မမြင်ရသော ရောဂါပိုမွှားများ ကပ်ပါလာမည်ကို စိုးရိမ်သဖြင့် ငွေနှောင်းအတွက် စွပ်ပြုတ်လေး မလုပ်ခင် သိုက်ဂုဏ်စိန် လက်ကိုသေချာဆေးကြောလိုက်သည်..။ မနက်ခင်း ဒေါ်ကြီးမြ ဟင်းချက်တုန်းက ကြက်ရင်အုပ်တစ်ခြမ်းကို ချန်ထားပေးရန် မှာခဲ့လိုက်သည့်အတွက် ယခုညစာအတွက်ချက်စားဖို့ရာ အသင့်ရှိနေခြင်းဖြစ်သည်..။ မဟုတ်လျှင် သူ‌ပေးတဲ့ ကတိပျက်ပေမည်..။

ကြက်ရင်အုပ်တစ်ခြမ်းကို အနေတော်သည့် အရွယ်အစားလောက် ခုတ်ထားပြီး စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူများကို ခပ်ဖွဖွထုထောင်းထား၏..။ မြေအိုးထဲ ရေကို ကြက်သားဖုံးအောင်ထည့်ပြီး အိုးအဖုံးကိုပတ်ကာ မိနစ်နှစ်ဆယ်ခန့် ချက်လေသည်..။ ဟင်းခတ်အမွှေးအကြိုင်များကို လိုသလောက်ထည့်ပြီး အနေတော်လှီးထားသည့် ကြက်သွန်နီ၊ မုန့်လာဥနီများကို ရေနွေးအနည်းငယ်ထပ်ထည့်ပြီး ဆက်ချက်လေသည်..။ အသားကို ကြက်ပေါင်အစား ကြက်ရင်အုပ်သုံးထားရခြင်းမှာ ငွေနှောင်း စားရလွယ်အောင်ဟု တွေးပြီး ကြက်ရင်အုပ်သုံးလိုက်ခြင်းဖြစ်သည်..။ ငွေနှောင်း ခံတွင်းတွေ့စေဖို့ အစစအရာရာကို သိုက်ဂုဏ်စိန်သေချာစီစဉ်ပြီး ချက်ပြုတ်ပေးသည်..။ အလိုလေး ချစ်တတ်လိုက်တဲ့လူသားကြီး..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now