အပိုင်း(၃) [Unicode]

2.9K 65 0
                                    

"ငွေနှောင်း ဘာစားမလဲ"

"မြ ဒီကနေ့ဘယ်ဆိုင်သွားမှာလဲ"

"ရတယ် စားချင်တာပြော ၊ သွားဝယ်ပေးမယ်"

"လက်ဖက်ရည်နဲ့ အီကြာကွေး စားချင်တယ်"

"ဟုတ်ပြီ ခနစောင့်နော် ၊ အမြန်ပြန်ခဲ့မယ်"

"အင်း"

ငွေနှောင်းသည် စာအုပ်များသိမ်းနေဆဲဖြစ်သဖြင့် မနက်စာကို မြသွားဝယ်ပေးသည်..။ ထိုနေ့တစ်ရက်ထဲ မဟုတ်ပါချေ..။ ငွေနှောင်း တစ်ခုခုလိုချင်တိုင်း ၊ စားချင်တိုင်း မြသည် မညှီးမညူအမြဲထလုပ်ပေးသည်..။ မြသည် ငွေနှောင်းကို အခြားသူထံမှအနိုင်ကျင့်ခြင်း မခံရအောင် အမြဲကာကွယ်ပေးသည်..။ ဤအချက်များကြောင့် ငွေနှောင်းလည်း မြကိုအချစ်ပိုရသည်..။

ဝါဝါအောင်နှင့်မီးလေးတို့သည် အစောပိုင်း၆နာရီလောက်ကတည်းက အိမ်ပြန်သွားလေပြီ..။ ယခုအချိန်ကား ၈နာရီပင်ထိုးတော့မည်..။ လာကြိုမည့်ကားမှာ ယခုချိန်ထိပင် ပေါ်မလာသေးသဖြင့် မြသည်စိတ်မရှည်စွာ ထိုင်လိုက်ထလိုက်နှင့်ဂဏှာမငြိမ်ပေ..။ မြကိုကြည့်ရင်း ငွေနှောင်းခေါင်းမူးသယောင် ဖြစ်လာသည်..။

"‌ထိုင်ပါဦးလား မြရာယ် ၊ ကြည့်ရတာဖြင့် ခေါင်းတွေမူးလာပြီ"

"ရှစ်နာ‌ရီ‌ကျော်နေပြီလေ ငွေနှောင်းရဲ့ ၊ ဒီချိန်ဆိုရောက်သင့်နေပြီမဟုတ်လား"

"အဆောင်မှူးကိုသွားမေးကြည့်မလား"

"အဲ...ဟုတ်သားပဲ"

ငွေနှောင်းသည် မြနှင့်အတူ အဆောင်မှူးဆီသွားပြီး ကားဆရာကိုဖုန်းဆက်ပေးရန် ပြောလိုက်သည့်အခါမှ သူတို့မျှော်နေ‌သောသူ ပေါ်လာတော့သည်..။

"ဘယ်ပြန်မလဲဗျ"

"ဘူတာရုံလိုက်ပို့ပေးပါရှင့်"

"ဟုတ်"

ကားဆရာလည်း အထုပ်အပိုးများကို ကားနောက်ဖုံးတွင် ထည့်ကာ ဘူတာရုံဘက်သို့ မောင်းခဲ့လေသည်..။ စိတ်မရှည်သည့်မြနှင်းမှုံမှာ ဘူတာရုံသို့ လာသည့်လမ်းတစ်လျှောက်လုံး ကားဆရာအား တီးတွတ်တီးတွတ်နှင့် နောက်ကျရသည့်အကြောင်းအရင်းကို တစ်ခုမလပ်အကုန်မေးလေသည်..။ ကားဆရာလည်း နားညှီးလှပြီဖြစ်သဖြင့် ကားခကိုပင် မယူတော့ချင်ပေ..။ ဘူတာရုံရောက်သောအခါ ကားဆရာသည် ကားခမယူတော့ပါဟုပြောသော်လည်း ငွေနှောင်းသည် အားနာသဖြင့်  ဆီဖိုးအတွက် ငွေစအနည်းငယ်ပေးလိုက်၏..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now