အပိုင်း(၂) [Unicode]

3.5K 78 0
                                    

အဖြူရောင်ချည်သားဝမ်းဆက်လေးနှင့် ပါးပြင်နှစ်ဖက်တွင် သနပ်ခါးထပ်နေ၏..။ ခါးလယ်လောက်ရှည်သော အုံထူထူဆံပင်များကို ကျစ်ဆံမြှီးတစ်ချောင်းကျစ်ကာ ဂုတ်နားလောက်တွင် ဆံထုံးထုံးလိုက်ပြီး သစ်ခွပန်းပန်ထားသည်..။ ဘုရားသွားမည်ဖြစ်သောကြောင့် မျက်နှာခြေမှုန့်များ မလိမ်းတော့ပါချေ..။

"အဖြူရောင်မင်သမီး‌အလားပါလား ငွေနှောင်းရဲ့ ၊ လှရက်လွန်းတယ်"

"မဟုတ်ရပါဘူးပေါင် မြကသာပိုလှနေတာ"

မြလည်း ငွေနှောင်းနှင့် ပုံစံတူဝမ်းဆက်ဝတ်ထား၏..။ သို့သော်မြသည် ဆံပင်ကို ရိုးရိုးသာထုံးထားပြီး စံပယ်ပန်းကုံးလေးပန်ထားသည်..။ နှစ်ယောက်လုံး မတူညီသည့်မျက်နှာပန်းသွင်ပြင် ၊ ဟန်ပန်အမူအရာများနှင့် သူ့ဟာသူ တစ်ယောက်တစ်မျိုးစီလှနေကြ၏..။

ကံကော်အမျိုးသမီးအဆောင်နှင့် ဘုရားသည် သိပ်မဝေးပါသောကြောင့် ငွေနှောင်းတို့ သူငယ်ချင်းလေးယောက်သည် ခြေကျင်နှင့်သာ လမ်းလျှောက်ခဲ့ကြသည်..။ ဘုရားသွားလမ်းတွင် ပန်းအရောင်းဆိုင်တန်းလေးမှ အဘွားအိုတစ်ဦးနှင့်၅နှစ်အရွယ်က‌လေးငယ်တစ်ဦး ရောင်းနေသည့်ဆိုင်တွင် ဘုရားကပ်လှူဖို့ရန် ကြာပန်းလေး‌ဝယ်ခဲ့သည်..။

ဘုရားမုဒ်ဦးအနားတွင် ယောက်ျားသားကြီးတစ်ယောက် အမဲရောင်ဂျစ်ကားကြီးရှေ့ လက်တစ်ဖက်ကိုတုတ်ထောက်၍ ကျန်လက်တစ်ဖက်မှာ ခါးထောက်ထားလျက်ရှိသည်..။ အမဲရောင်တိုက်ပုံ ၊  ကြက်သွေးရောင် ပုဆိုးရောင်လေး ဆံပင်ကိုသေသပ်စွာဖြီးထားပြီး ကားရှေ့၏အဖုံးတွင် ဖင်တင်ရုံလေးထိုင်နေသည်..။

ထိုလူကို ငွေနှောင်းမြင်သွားသည့်အချိန်တွင် သူမ၏နှလုံးသားလေးအနည်းငယ်လှုပ်ခတ်သွားရသည်..။ အမြဲလိုလို ဘယ်သူစိမ်းမဆို ဂရုစိုက်လေ့မရှိသည့် ငွေနှောင်းသည် ထိုသူစိမ်းယောက်ျားသားကိုမှ အချိန်ခဏတန်ကြာအောင် မျက်တောင်မခတ်ပဲ စူးစိုက်ပြီးကြည့်နေမိသည်..။

မည်သူများလဲနော်...

ထိုသို့တွေးပြီး ငွေနှောင်း၏မျက်နှာပေါ် ဖြူစင်သောအပြုံးများထွက်လာသည်..။ ဘေးတွင်ရှိနေသည့်သူငယ်ချင်းများကို မေ့ပြီး အကြာကြီးပြုံးကာ ရီသံယဲ့ယဲ့လေးထွက်လာသည်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now