အပိုင်း(၁၉) [Unicode]

1.4K 49 1
                                    

ငွေနှောင်းထံမှ အာမေဋိတ်သံမှအပ မည်သည့်စကားမျှ ထွက်မလာပေ..။ သိုက်ဂုဏ်စိန်ကို အမြဲရင်တွေခုန်နေမိခဲ့သည်မှာ ကြာလှပေပြီ..။ သို့သော် ထိုစကားကြောင့် ပို၍ ရင်ခုန်ရသည်..။

"အနှောင်းလေး.."

နူးညံ့ချိုသာလွန်းသော လေသံဖြင့် သူမအား ခေါ်လာသည့် သိုက်ဂုဏ်စိန်ကို ကြည်တောက်ပြောင်လဲ့နေသည့် မျက်ဝန်းတို့ဖြင့် မော့ကြည့်လိုက်သည်..။

"ကိုယ် မင်းကိုဖွင့်ပြောစရာလေးရှိတယ်"

သိုက်ဂုဏ်စိန်၏ မျက်ဝန်းထဲတွင် ငွေနှောင်းမှလွဲ၍ မည်သည့်အရာမျှ ရှိမနေပေ..။ သူ ဖွင့်ပြောမည့်အရာဟာ လေးလေးနက်နက်ရှိလိမ့်မည်ဟု သူ့မျက်နှာထားကိုကြည့်ကာ သိနိုင်ပါသည်..။

မဟုတ်လည်း ငွေနှောင်းထင်နေသလိုများလား..။ မဖြစ်နိုင်ပါဘူးလေ..။

"ကိုယ်ရဲ့ချစ်ခြင်းမေတ္တာတွေ မင်းအပေါ်တွယ်ငြိနေပြီ.. အဲ့တာ မင်းအသိအမှတ်ပြုပေးနိုင်မလား.."

"ရှင်!! အ..အနှောင်း နားမလည်ဘူး"

သူမထင်သလို ထိုစကားမျိုးကို သိုက်ဂုဏ်စိန်ဘက်က ဆိုလာခဲ့ပေမယ့်လည်း ချက်ချင်းနားလည်သဘောပေါက်ခြင်း မရှိခဲ့ပါလေ..။

"ဆိုလိုတာက ကိုယ် မင်းကိုချစ်မြတ်နိုးနေပြီလို့"

"...."

သိုက်ဂုဏ်စိန်၏ ဖွင့်ပြောခြင်းကို ခံလိုက်ရသည့် ငွေနှောင်းဟာ မဖြစ်နိုင်ပါဟု ဖော်ပြနေသည့် မျက်ဝန်းအစုံတို့ဖြင့် သိုက်ဂုဏ်စိတ်ကို အံ့ဩမှင်သက်စွာနှင့် ကြောင်လျက်သား ရပ်ကြည့်နေသည်..။

မင်းကိုချစ်မြတ်နိုးနေပြီ..မင်းကိုချစ်မြတ်နိုးနေပြီ..မင်းကိုချစ်မြတ်နိုးနေပြီ...

ထိုစကားဟာ သူမရဲ့ခေါင်းထဲ တောင်မြောက်ဖြတ်ပြေးနေလျက်..။ အံ့ဩသွားကြောင့် ဖော်ပြနေသည့် သူမရဲ့မျက်နှာထားလေးဟာလည်း တစ်စက်မှမပြောင်းသေးပေ..။ သိုက်ဂုဏ်စိန်ဟာ ဖွင့်ပြောလိုက်မိတာ မှားများမှားသွားပြီလားဟု တွေးရင်း ရှက်ယမ်းယမ်းနှင့် ဘက်လက်ကို ခါးထောက်ကာ ညာလက်ဖြင့် လည်ပင်းဂုတ်ကို ပွတ်လိုက်သည်..။ စိတ်ထဲမှာလည်း သူ့ကိုသဘောမကျဘူးအထင်နှင့် ဝမ်းနည်းမိသွားသည်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now