အပိုင်း(၁၆) [Unicode]

1.5K 50 3
                                    

သူမသဘောအတိုင်း မြအိမ်ကို လိုက်ပို့ပေးခဲ့သည်..။ မြတစ်ယောက် ငွေနှောင်းကို ရုတ်တရက်တွေ့လိုက်ရသဖြင့် အပျော်လွန်နေသည်..။ အချိန်ကား ညမှောင်စပြုလာပြီမို့ သိုက်ဂုဏ်စိန်ပြန်တော့မည်..။

"အထုပ်တွေကျန်သေးလား.. ကျုပ်ပြန်တော့မလို့"

"ဟင့်အင်း မကျန်တော့ဘူး"

"........"

"မနက်ရောက်မှ အိမ်လာခဲ့ပါ့မယ်"

"အင်း"

သိုက်ဂုဏ်စိန် မျက်နှာထားမှာ သိပ်မကောင်းပေ..။ 'အင်း'တစ်လုံးတည်း ပြောကာ အိမ်တန်းပြန်လိုက်လေသည်..။ ငွေနှောင်း အရိပ်အကဲမရိပ်မိပေမယ့် မြတော့သိသည်..။ သဝန်တိုတဲ့မျက်နှာထားလေ..။

"ပျော်လိုက်တာ ဘေဘီရာယ်"

"မြကိုတွေ့ရတာ ထပ်တူပျော်ပါတယ်ရှင့်"

"ဟီးဟီး အိမ်ထဲဝင်ရအောင် ဘေဘီ"

ငွေနှောင်းကို ပြုံးပြလိုက်ပြီး အလုပ်သမားများကို အထုပ်ကူဆွဲရန် အော်ခေါ်လိုက်သည်..။

"လူတွေ အထုပ်တွေလာသယ်ဦး!"

"ဟုတ်ကဲ့ မမလေး"

အလုပ်သမားတွေ အထုပ်သယ်ပြီး မြပြောသည့်အတိုင်း အခန်းပြင်ပေးလိုက်သည်..။ ထမင်းဝိုင်းလည်း ပြင်ခိုင်းထား၏..။ ငွေနှောင်းလည်း ရေချိုးကာ မြနှင့်အတူ ညစာဝင်စားသည်..။

"ကောင်းရဲ့လား ထမင်းအတူတူမစားရတာ ကြာလှပြီနော်"

"ဟုတ်ပါ့ မြရာယ် ငွေနှောင်းဟိုမှာ အလုပ်တွေရှုပ်နေလို့ သိလား"

မြဘက်က ခေတ္တမျှတိတ်ဆိတ်သွားသည်..။ အလုပ်ရှုပ်တာ သေချာရဲ့လား..၊ ညာပြောနေသလို မြစိတ်ထဲခံစားရသည်.."

"မြ ဘာတွေငိုင်နေလဲဟင်"

‌ငွေနှောင်းပြောမှ မြသတိရ၏..။

"အာ.. ဘာရာယ်မှမဟုတ်ဘူး ဆက်စားရအောင်"

"ဘာမှမဟုတ်တာ သေချာရဲ့လား.. တစ်ခုခုဖြစ်ရင် ပြောပြနော်"

"ပြောမယ်နော် စကားမစပ်ဘယ်နှစ်ရက်နေမှာလဲ"

"သီတင်းကျွတ်ပိတ်ရက်ကုန်ထိ"

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now