အပိုင်း(၂၄) [Unicode]

1.3K 35 1
                                    

ယနေ့သည်လည်း ထုံးစံအတိုင်း အရောင်ဆင်တူ လုံချည်နှင့် နှစ်ယောက်သား အတူအလုပ်သွားမည်..။ အဖြူရောင် ရင်ဖုံးအင်္ကျီလေးနှင့် ချိတ်ထမိန်ဝတ်ထားသော သူမ၊ သိုက်ဂုဏ်စိန်ကတော့ အမဲရောင် တိုက်ပုံနှင့် ငွေနှောင်းနှင့်ဆင်တူ မဲနယ်ရောင် လုံချည်ကို ဝတ်ဆင်ထားလေသည်..။

ရုံးနှင့် မနီးမဝေး တစ်နေရာတွင် သစ်ခွပန်းရောင်းနေသည့် လူငယ်လေးတစ်ယောက်ကို ငွေနှောင်းတွေ့လိုက်သည်..။

"ကိုကို"

"ဗျာ.."

"သစ်ခွပန်း ပန်ချင်လို့ အဲ့ကလေးဆီကနေ တစ်ပွင့်ဝယ်ပေးပါလားဟင်"

ပန်းရောင်းနေသည့် လူငယ်လေးဆီ ငွေနှောင်း လက်ညွှန်ပြလေသည်..။ အရင်က ဘာမှမပြောပဲ ငြိမ်ကုတ်ကုတ်လေးနှင့်သာ အလုပ်ကို အမြဲလိုက်ခဲ့သည့်သူမလေးဟာ ယခုချိန်မှာတော့ ပူဆာတတ်လေပြီ..။

"ဝယ်ပေးမယ် သွားရွေးရအောင်"

"ဟီးဟီး ဟုတ်ကဲ့"

သစ်ခွပန်း အရောင်စုံရှိ၏..။ အပွင့်တိုင်း လှနေတော့ ရွေးရခက်လေရဲ့..။

"ဘာအရောင်ယူရင် ကောင်းမလဲနော်"

"မမ ဒါလေးယူပါလားဗျ"

လူငယ်လေးသည် ပန်းဆီရောင်နှင့် သခွားရောင် ရောစပ်နေသည့် အပွင့်ကလေးအား ငွေနှောင်းကို ညွှန်ပြလိုက်သည်..။

"မမနဲ့ဆို အရမ်းလှနေမှာဗျ"

"ကျုပ်အမျိုးသမီးက အမြဲလှပါတယ်"

"ဗျာ.."

လူငယ်လေးဟာ ဒီတိုင်း ချီးကျူးလိုက်သော်လည်း သိုက်ဂုဏ်စိန် သဝန်တို၏..။ သူဆိုလိုက်သည့်စကားကြောင့် လူငယ်လေး ကြောင်သွားသည်..။ ငွေနှောင်းလည်း အနည်းငယ် ရှက်သွား၏..။

"ဒါဆို အဲ့အပွင့်လေးပေးပါ မောင်လေး"

"ဟုတ်ကဲ့ဗျ.."

သစ်ခွပန်းပွင့်လေးကို နားထင်တွင် ပန်ဆင်လိုက်ကာ သိုက်ဂုဏ်စိန်ကို လှရဲ့လားဟု မေးသည်..။ သိုက်ဂုဏ်စိန်သည် ပြုံးပြုံးကြီးနှင့်...

"လှတယ် အတော်လေးကို လှတာ"

"ဟီးဟီး.."

ပန်းရောင်းသည့် လူငယ်လေးကို ငွေနှောင်းယူလိုက်သည့် ပန်းတစ်ပွင့်စာလေးအတွက် ကျသင့်ငွေကို ပေးလိုက်ကာ ရုံးသို့ဆက်လျှောက်ခဲ့လေသည်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now