အပိုင်း(၂၉) [Unicode]

1.1K 31 0
                                    

ယနေ့ ငွေနှောင်းတို့ အပြင်မသွားဖြစ်ကြပါ..။ အိမ်၌သာနေရင်း အချိန်ဖြုန်းကြမည်..။

ခြံထဲက နှင်းဆီပန်းပင်များ လှလှပပဖူးပွင့်နေကြ၏..။ လေညှင်းများ တိုးဝေ့လာလျှင် စံပယ်ရုံမှ မွှေးကြိုင်ကြိုင် အနံ့များ ရရှိသည်..။ သိုက်ဂုဏ်စိန် ဝယ်လာပေးသည့် သစ်ခွပန်းပင်သည်လည်း အပွင့်များ ပွင့်လာချေပြီ..။

"စံပယ်နံ့လေး မွှေးလိုက်တာ"

"ခူးလို့ရလား.. ရရင် မြ ပန်းသီကုံးပေးမယ်လေ"

"ဟင့်အင်း အပင်မှာပဲထားတာ ကောင်းတယ် ၊ ကိုယ်ခူးလိုက်ရင် ညှိုးသွားရင် ဘယ်လိုလုပ်မလဲ"

"ညှိုးရင်လည်း တန်ဖိုးထားတဲ့သူက ပန်းခြောက်ဆိုလည်း နမ်းရှိုက်ချင်မှာပဲ ဘေဘီရဲ့"

မြဆိုလိုသည့်သဘောကို ငွေနှောင်း သိမည်မထင်ပါ..။ ကိုယ်ခူးယူလိုက်လို့ ညှိုးသွားမယ်ဆိုရင်တောင် ကိုယ့်လက်ထဲရှိရင် တန်ဖိုးထားမှာ..။ ချစ်လို့ ခူးယူခဲ့တာ ၊ ညှိုးသွားလည်း ဆက်ချစ်နေဦးမှာလေ..။

"မြ ချစ်ရသူ..များ တွေ့နေပြီလားနော်"

"ဟင် မ‌ရှိပါဘူး ၊ ဘာတွေလာပြောနေတာလဲ"

ချစ်ရသူက ပြန်မေးလေတော့ မြ ရှက်သွားမိ၏..။ မရှက်ပဲနေတဲ့သူ ရှိပါအုန်းမလား..။ ‌ရှက်ရှက်နှင့်ပင် ခုံတန်းရှည်၌ သွားထိုင်လိုက်သည်..။

"တွေ့နေပြီထင်တယ် ၊ မြက ရှက်နေရောပဲ"

မြလည်း မနေသာတော့ပဲ ဝန်ခံလိုက်သည်..။

"အင်း ရှိတယ်"

"တကယ်ပေါ့"

"အင်း.."

"ဘယ်သူလဲ"

"သူ့မှာ သက်ဆိုင်သူရှိပြီးသား ၊ မြ ရှေ့ဆက်မတိုးသင့်ဘူးမလား"

ငွေနှောင်း မျက်နှာကို ကြည့်ပြီး ပြောပြီးသည်နှင့် မြ မျက်လွှာလေး ချလိုက်မိသည်..။ မေးမိတာ မှားသွားပြီလားဟု ငွေနှောင်း တွေးကာ မြကို အားနာသွားရသည်..။

"အို.. မမေးလိုက်သင့်ဘူး မြရဲ့ ၊ တောင်းပန်ပါတယ် ၊ စိတ်မရှိပါနဲ့နော်"

"မဟုတ်တာ.. ဘာမှမဖြစ်ပါဘူး ၊ ဝမ်းလည်းမနည်းနဲ့နော်"

ငွေနှောင်း လက်ကိုကိုင်ပြီး ဘာမှမဖြစ်ကြောင်း၊ ဝမ်းမနည်းဖို့ပါ နှစ်သိမ့်ပေးလိုက်သည်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now