အပိုင်း(၂၂) [Zawgyi]

353 4 0
                                    

ငွေနှောင်း သတိလစ်နေခဲ့တာ ၂ရက်ခန့် ကြာမြှင့်ခဲ့လေပြီ..။ သိုက်ဂုဏ်စိန်သည်လည်း စိတ်ပူလျက်ရှိသောကြောင့် နေမကောင်းဖြစ်ခါစအချိန်ကတည်းက အစားမမှန်၊ အိပ်မပျော်ခဲ့ပါ..။

ငွေနှောင်းရဲ့ ပူနွေးနေတဲ့လက်ကို ဆုတ်ကိုင်ထားကာ ဘေးမှမခွာပဲ စောင့်ကြည့်နေခဲ့သည်..။ ဘယ်အချိန်များ သတိရလာမလဲ ဆိုသည့် အသိနှင့်..။ နှိုးနှိုးချင်း သူ့ကိုပထမဆုံးမြင်စေချင်သည့် အသိနှင့် စောင့်နေပေးသည်..။

"သခင်လေး.."

"ဗျာ..."

သိုက်ဂုဏ်စိန် ပြန်ထူးလိုက်သည့် အသံဟာ အားပျက်နေသယောင် ရှိ၏..။

"ကြီးမြ ထမင်းဝိုင်းပြင်ပေးထားပြီနော်"

"ရပါတယ်.. ကျွန်တော် ဗိုက်မဆာဘူး"

"လာစားပါကွယ် ၊ အနှောင်းလေး နှိုးလာတဲ့အခါ သခင်လေးရဲ့ အားပျက်နေတဲ့ပုံကို မြင်သွားရင် စိတ်မကောင်းဖြစ်နေရှာမှာ ၊ လာစားလှည့်ပါ"

"ဟုတ်ကဲ့ပါဗျ လာစားပါမယ်"

ကြီးမြ ပြောလိုက်သည့် စကားကြောင့် ထမင်းစားဖို့ သဘောတူလိုက်သည်..။ ငွေနှောင်း နှိုးလာတဲ့အခါ သူအားပျက်နေတဲ့ပုံကို မြင်သွားရင် စိတ်မကောင်းဖြစ်နေရဦးမည်..။ အားရှိအောင် စားလိုက်တာ ကောင်းပါတယ်လေ..။

ငွေနှောင်းရဲ့ နဖူးလေးကို တစ်ချက်နမ်းကာ ထမင်းဆင်းစားဖို့ ထရပ်လိုက်လေသည်..။ ရုတ်ချည်းဆိုသလို ခေါင်း‌မူးနောက်လာကာ ရပ်ဖို့ အားပင်မရှိတော့ပဲ နောက်ပစ်လှန်လှဲကျသွားလေသည်..။

ဟာ့...

သိုက်ဂုဏ်စိန် လှဲကျသွားတဲ့အချိန်မှာ ငွေနှောင်း လန့်နိုးလာသည်..။ သိုက်ဂုဏ်စိန် ကောင်းကောင်း ဂရုစိုက်ပေးထားတာကြောင့် ခေါင်းတွေ မူးနောက်မနေပဲ အားအင်ပြည့်နေသည်..။

သို့သော် မထင်မှတ်ထားသည့် အရာက နိုးနိုးချင်း လှဲကျနေသည့် သိုက်ဂုဏ်စိန်ကို မြင်လိုက်ခြင်းပင်..။

"ကိုကို!!"

ကုတင်ပေါ်မှ ကမန်းကတန်းဆင်းကာ သိုက်ဂုဏ်စိန်ကို စိုးရိမ်တကြီးနှင့် ခေါ်နှိုးလေရဲ့..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now