အပိုင်း(၃၀) [Zawgyi]

282 2 0
                                    

မြနှင့် ငွေနှောင်းတို့ ဗဟိုချုပ်ဈေး၌ ဈေးဝယ်ထွက်နေကြသည်..။ အထည်သစ်များကို လိုက်ကြည့်ရင်း အနောက်မှ လူလိုက်ခံနေရသည်ကို မသိကြပါချေ..။

"ဟယ်လို ဆရာ.. မေမီငွေနှောင်းက အခုတခြားမိန်းခလေးတစ်ယောက်နဲ့ ဈေးဝယ်နေပါတယ်"

"မျက်ခြေမပျက်အောင် ဆက်လိုက်ထား"

"ဟုတ်ကဲ့ ဆရာ"

ရှေးဟောင်းပစ္စည်းဆိုင်တွင် ကျွန်းသစ်ဖြင့် ပြုလုပ်ထားသော ဘီးကုတ်လှလှလေးများ ရောက်ရှိနေသည်ဟု မကြာသေးခင်ရက်က ကြားသိထားသည်..။ ယခု ငွေနှောင်းတို့ ထိုဆိုင်ကို ရောက်နေပါသည်..။ ရှေးဆန်သည့် လုံချည်၊ ဆေးစုတ်တံ၊ ဘီးကုတ် အစရှိသဖြင့် ပစ္စည်းအမျိုးအစား စုံလင်စွာရှိ၏..။

"ဒီဘီးကုတ်ဒီဇိုင်း လှတယ်နော်"

"ဒါလေးဆိုရင်ရော ဘေဘီကိုင်ထားတဲ့ဟာထက် လက်ရာသေသပ်တယ်"

မြလက်ထဲ၌ ကြာပန်းပုံစံ ဖော်ထားသည့် ကျွန်းဘီးကုတ် တစ်ခုကိုင်ထားသည်..။ ကျွန်းသားအကောင်းစားထဲမှ ပြုလုပ်ထားသည့် ဘီးကုတ်..။ ဈေးက အခြားဟာထက် အနည်းငယ်ဈေးကြီးသော်လည်း ထိုမျှလောက်ကတော့ မြဝယ်နိုင်ပါသည်..။

"ဈေးနည်းနည်းများတယ် မြရဲ့ ၊ ပါလာတဲ့ငွေ လိုက်ပါ့မလား မသိဘူး"

"ဒီမှာလေ မြပါတယ်"

ငွေသားအများကြီးထည့်ထားသည့် ဖောင်းကြွကြွ ပိုက်ဆံအိတ်ကလေးကို ငွေနှောင်းအား ပုတ်ပြလိုက်သည်..။

"အများကြီးပါလားနော်"

"စီးပွားရေး သောင်းကျန်းတဲ့ မြနှင်းမှုံက ဒီလောက်တော့ သုံးနိုင်ရမယ်လေ ဟီးဟီး"

"ဒါဆို အဲ့ဟာဝယ်လိုက်မယ်"

"ဟုတ်ပြီ မြလည်းယူမယ် နှစ်ခုပေါ့"

ဘီးကုတ်ဝယ်ပြီးသွားသည့်အခါ ဈေးထဲ အချိန်နည်းနည်းကြာအောင် လိုက်ပတ်ကြည့်ကြသည်..။ သဘောတွေ့မိသည့်အရာများ မရှိတော့သည့်အတွက် အိမ်ပြန်လာခဲ့သည်..။

ငွေနှောင်းတို့ မီးပွိုင့်ကို ဖြတ်မောင်းသည့်အချိန်တွင် မျက်နှာချင်းဆိုင် တည့်တည့်မှ သတ်မှတ်ထားသည့် အရှိန်နှုန်းထက် ပိုလွန်ပြီး မောင်းလာသည့်ကားသည် ငွေနှောင်းတို့ကို  ဦးတည်၍နေသည်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now