အပိုင်း(၂၁) [Zawgyi]

384 5 0
                                    

ယနေ့ မြခံစားချက်တွေ မကောင်းပါ..။ ရာသီဥတုလည်း ဆိုးရွားနေသည်..။ မိုးကြီးမိုးသည်းရွာသွန်းနေပြီး မိုးထစ်ချူန်းသံလည်း တဂျိန်းဂျိန်းနှင့်ပင်..။ ပြူတင်းပေါက်မှ မိုးစက်ကလေးများ တဖျောက်ဖျောက်နှင့် ဖိတ်စင်လာသောကြောင့် မြ ပိတ်လိုက်လေသည်..။

ဟူးးး

လေပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏..။ မနက်အိပ်ယာနှိုးချိန်ကစ ယခုချိန်ထိ စိတ်မကြည်မလင်ဖြစ်နေတာ အမှန်ပင်..။ ဘာကြောင့်များလဲဟု မြစဉ်းစားမိသေးသည်..။

"အာ ခေါင်းကိုက်လိုက်တာကွယ်.."

စဉ်းစားမိလေလေ တွေးလိုက်လေလေ မြရဲ့ခေါင်းများ ထိုးကိုက်လာရသည်..။ ဆေးသောက်ပြီး ခဏလောက်မှေးအိပ်လိုက်လျှင် သက်သာကောင်း သက်သာမည်ဟု တွေးလိုက်ပြီး မှန်တင်ခုံစားပွဲက အံ့ဆွဲလေးကို ဖွင့်လိုက်သည်..။

ပထမဆုံးတွေ့လိုက်ရသည်က ချစ်ရသူ မေမီငွေနှောင်းရဲ့ ပုံတူရေဆေးပန်းချီကားချပ်ငယ်လေးပေါ့..။ ဘယ်သူ့ကိုမှ မမြင်စေလိုသည့်အတွက် အံ့ဆွဲထဲ ထည့်သိမ်းထားရခြင်း ဖြစ်သည်..။ ငွေနှောင်းပုံလေးကို ကြည့်၍ တစ်ယောက်တည်း ပြုံးနေမိသည်..။ ဤရာသီဥတုနှင့်ဆိုလျှင် တစ်စုံတစ်ယောက်ကို လွမ်းဆွေးသတိရဖို့ အချိန်ကောင်းပဲ မဟုတ်လား..။

ပုံတူပန်းချီကားလေးကို ငေးကြည့်လို့ဝသည့်အခါဝယ် ဘေးနားက ဆေးဗူးလေးကို ယူဖွင့်လိုက်ပြီး ဆေးနှစ်လုံးလောက် လက်ထဲထည့်လိုက်ကာ သောက်ရေယူဖို့ မီးဖိုချောင်သို့ ထွက်လာခဲ့သည်..။

"ဟေ့လူ ရေနွေးပေးအုန်း"

"ဟုတ်ကဲ့ မမလေး"

အလုပ်သမားကို အပြောနှင့်ခိုင်းလိုက်ပြီး မြကတော့ ထမင်းစားခန်းထဲ ထိုင်နေကြနေကြနေရာလေးတွင် ထိုင်စောင့်နေလိုက်သည်..။ လက်ဖဝါးတစ်ဖက်က ဆေးလုံးတွေရှိနေသောကြောင့် အားနေသည့် ကျန်လက်တစ်ဖက်ဖြင့်သာ ထိုးကိုက်နေသော သူမခေါင်းကို နှိပ်နှယ်နေလိုက်သည်..။

"မမလေး ဒီမှာရေနွေးပါ"

ရေခပ်လာပေးသည့် ကောင်မလေးကို လျစ်လျူရှုပြီး ခေါင်းကိုသာ ဆက်နှိပ်နေသော မြ..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now