အပိုင်း(၃၁) [Unicode]

1.5K 33 0
                                    

ငွေနှောင်းသည် နေ့လည်ခင်းက ကိစ္စကြောင့် အလန့်လွန်သွားကာ အဖျားတက်သွားသည်..။ သိုက်ဂုဏ်စိန်သည် ငွေနှောင်းအား ဆေးအနည်းငယ် ချော့တိုက်ကာ အစောကြီး အိပ်ယာဝင်ခိုင်းနှင့်လေပြီ..။

အချိန်ကား ညဆယ်နာရီခန့် ဖြစ်ပေမည်..။ ငွေနှောင်း အိပ်ပျော်သွားပြီ ဆိုသော်လည်း မြ မအိပ်သေးပါ..။ သိုက်ဂုဏ်စိန်၏ လက်ကောက်ဝတ်မှ ချည်အမဲရောင်ကြိုးလေးကြောင့် မြ အတွေးများနေပါသည်..။ ရေဆာသယောင် ရှိလာ‌သည့်အတွက် အောက်ထပ်သို့ ဆင်းခဲ့သည်..။

သိုက်ဂုဏ်စိန်လည်း မအိပ်သေးပဲ ဧည့်ခန်းတွင် ထိုင်နေသည်..။ မျက်နှာထားအရ သူလည်း အတွေးများနေသည့်ပုံပင်..။ မြလည်း ရေအမြန်သောက်ပြီး ဧည့်ခန်းသို့ သွားလိုက်လေသည်..။

"ရှင်နဲ့ စကားခဏလောက်ပြောချင်တယ်"

"....."

"ရှင် ခရီးသွားတယ်ဆိုတာ အဲ့အဘွားဆီကိုလား"

"မင်းလည်း သွားခဲ့တာပဲမလား"

"အင်း.."

နှစ်ယောက်လုံး လျှို့ဝှက်ချက်တွေ သိသွား‌သော်လည်း ထိတ်လန့်ခြင်း မရှိပါချေ..။

"ရှင် အမဲရောင်ကြိုးရခဲ့တယ်မလား ၊ ဘေဘီ့အတွက် ဝမ်းသာသလို ဝမ်းလည်း ဝမ်းနည်းတယ်"

"....."

"သူက ရှင့်ကိုအရမ်းချစ်တယ်လေ ၊ ဒီတိုင်းကြီး ထွက်သွားမယ်ဆို သူစိတ်ဒဏ်ရာ ရလိမ့်မယ် ၊ အဲ့အတွက်..."

"ကျုပ်ကိုယ်စား မင်းစောင့်ရှောက်ပေးနိုင်တယ်မလား ၊ ပျော်အောင်ထားပေးနိုင်တယ်မလား"

"ဟင်.."

စောင့်ရှောက်ပေးနိုင်မလားတဲ့..။ သေချာပေါက်ပဲပေါ့..။ မြ ဂရုစိုက်ပေးနိုင်တယ်၊ ပိုချစ်ပေးနိုင်တယ်၊ ပျော်အောင်ထားပေးမှာ..။ ဒါပေမယ့်.. တစ်သက်လုံး စိတ်ဒဏ်ရာကြီးနဲ့ မနေစေချင်ဘူး..။

"ထားပေးနိုင်တယ် ၊ စောင့်ရှောက်ပေးနိုင်တယ် ၊ သူစိတ်ဒဏ်ရာ ရမှာကိုတော့ မလိုလားဘူး"

မြ၏ အသံသည် ခါတိုင်းနှင့်မတူပဲ နူးနူးညံ့ညံ့ရှိ၏..။

"သူနားလည်မှာပါ.. နောက်ပြီး ကျုပ်က ချက်ချင်းမသေပါဘူး ၊ ၁၀နှစ်လောက်တော့ နေနိုင်သေးတယ်"

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now