အပိုင်း(၁၅) [Unicode]

2.3K 64 5
                                    

ထိုရက်က အဖြစ်အပျက်ပြီးသွားချိန်ကစ၍ သိုက်ဂုဏ်စိန်နှင့် ငွေနှောင်းသည် စကားပြောခြင်းမရှိပဲ သီတင်းကျွတ်ပိတ်ရက်ထိ ရောက်လာခဲ့သည်..။ ရုံးလည်းပိတ်ပြီဖြစ်သောကြောင့် ယနေ့ ငွေ‌နှောင်းအလုပ်သွားစရာမလိုတော့ပါ..။

ပိတ်ရက်ဖြစ်သည်မို့ ငွေနှောင်းသည် နှစ်ခြိုက်စွာ အိပ်ပြီးမှ အိပ်ယာထ၏..။ မနက်၈နာရီအချိန်လောက်ဖြစ်မည်..။ မျက်နှာသစ် သွားတိုက်ဖို့ အိမ်ပေါ်မှ ဆံပင်ဖျားလျားနှင့် ဆင်းလာခဲ့သည်..။ ဧည့်ခန်းတွင်းရှိ ကျွန်းထိုင်ခုံတွင် ထိုင်နေသည့် သိုက်ဂိုဏ်စိန်ကို တွေ့လိုက်သော်လည်း မမြင်ယောင်ဆောင်ကာ အိမ်နောက်ဖက်သို့ ဦးတည်လာခဲ့သည်..။

သိုက်ဂုဏ်စိန်တော့ မြင်ရဲ့သားနှင့် မမြင်ယောင်ဆောင်ရခဲ့ကောင်းလားဟု တွေးရင်း ဒေါသထွက်ချင်နေ၏..။ သို့သော် နှစ်ယောက်သား စကားမပြောကြသည်မှာ ရက်အတော်ကြာပြီမို့ ဒေါသထွက်ဖို့ မသင့်ပါ..။ ထိုင်နေရင်း အိမ်ပြန်ချင်ကြောင်း ငွေနှောင်း တောင်းဆိုထားသည်ကို သတိရမိသွားလေသည်..။ ငွေနှောင်းအား ထိုအကြောင်းကို အကြောင်းပြပြီး စကားစပြောဖို့ အကြံရသွားလေ၏..။ ကိုယ့်အကြံကို သိုက်ဂုဏ်စိန်သဘောကျမိသည်မို့ ပြုံးစိစိဖြစ်နေတော့သည်..။ အိမ်နောက်ဖေးမှ ပြန်လာသော ငွေနှောင်းသည် သူ့ကိုတွေ့တော့ တံခါးပေါက်ဝတွင် ရပ်ကာ ကြောင်ကြည့်နေမိ၏..။

ဒီလူဘာဖြစ်ပြန်ပြီလဲ..၊ ငွေနှောင်းသိချင်သော်လည်း မမေးရဲ ဤအတိုင်းသာ ရပ်ကြည့်နေသည်..။

အဟမ်းးး

သိုက်ဂုဏ်စိန်ချောင်းဟန်လိုက်သည်..။

"ဟင်..ဟုတ်ကဲ့"

ဘာလို့မြန်းမသိ..၊ မည်သူ့ကိုခေါ်မှန်းမသိသော်လည်း ထိုလူကြီး၏ ချောင်းဟန့်သံကို ကြားမိသည်နှင့် သူမအလိုလို ထူးမိလိုက်သည်..။

"အင်း လာဦး"

"ဟုတ်.."

နဂိုထဲက ရှိန်မိသည်မို့ စကားမပြောရသည်မှာ ရက်အတော်ကြာပြီဖြစ်သောကြောင့် ရုတ်တရက်ခေါ်ခံလိုက်ရ‌တော့ ကျောစိမ့်သွားချင်သည်..။ ခေါ်သည်ဆိုမှတော့ လိုက်သွားရုံပေါ့..။ သိုက်ဂုဏ်စိန်အနား ငွေနှောင်းမထိုင်ပါ..၊ အလှမ်းဝေးရာတွင်သာ ထိုင်လိုက်သည်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now