အပိုင်း(၁၂) [Unicode]

1.9K 64 5
                                    

"သဇင်နွယ် မင်းအပြောအဆိုဆင်ခြင်အုံး.. ကျုပ်တို့က မိသားစုစီးပွားရေးကြောင့် ပတ်သက်နေရတယ်ဆိုတာ မင်းမမေ့နဲ့"

"ရှင်ကဘာလို့ နွယ်နဲ့လက်မထပ်ချင်ရတာလဲ"

"...."

"ဘာအကြောင့်ကြောင့်လဲ ဒါမှမဟုတ် ငွေနှောင်းကြောင့်လား"

"...."

သိုက်ဂုဏ်စိန်သည် သဇင်နွယ်၏အမေးကို မဖြေပဲ တိတ်ဆိတ်လျက်ရှိ၏..။ သဇင်နွယ်နှင့် လက်မထပ်ချင်တာတော့ အမှန်ပင်..။ ငွေနှောင်းကြောင့်ဟု ဝန်ခံရမှာလည်းခက်သား..။ သူခံစားချက်ကို သူမှသေချာမသိပဲနဲ့လေ..။

"နောက်အပတ်ကြ မိသားစုတွေ့ဆုံပွဲကို လာဖြစ်အောင်လာခဲ့ပါ.."

"အင်း"

"‌နွယ်ပြန်တော့မယ်"

"ဖြေးဖြေး.."

သဇင်နွယ် အိမ်ပြန်ဖို့ တံခါးဆွဲဖွင့်လိုက်ရာ ဝမ်းနည်းသောမျက်နှာထားနှင့် အိမ်ရှေ့တံခါးတွင် ရပ်နေသော ငွေနှောင်းကို တွေ့လိုက်လေသည်..။

"နွယ်ပြန်တော့မယ်"

"ရှင်..ဪဟုတ်ကဲ့"

ငွေနှောင်းလည်း လမ်းဖယ်ပေးလိုက်ရာ သဇင်နွယ် သူမမြင်ကွင်းမှ အရိပ်တောင်မတွေ့ရတော့တဲ့အထိ ငေးကြည့်ကာမှ အိမ်ထဲလျှောက်လာခဲ့သည်..။
ဧည့်ခန်းတွင် သိုက်ဂုဏ်စိန်ရှိမနေတော့ပေ..။ ကြည့်ရသည်မှာ သဇင်နွယ်အိမ်မှထွက်ခဲ့ကတည်းက အခန်းသို့ပြန်သွားပြီထင်သည်..။ ငွေနှောင်းလည်း ကောင်းကောင်းနေမကောင်းသေးတော့ အားနည်းနေတုန်းမလို့ အနားယူဖို့အပေါ်ထပ်သို့တက်သွားသည်..။

အခန်းရှေ့ရောက်တော့ အမြင်များမှုန်ဝါးလာပြီး  နောက်ပစ်လဲအံ့ဆဲဆဲဖြစ်သွားချိန် သူမနောက်ကျောကို တစ်ယောက်ယောက်က ဆွဲထိန်းခြင်းခံလိုက်ရသည်..။

"မင်းအဆင်ပြေရဲ့လား"

"ဟင် ဦးသိုက်ဂုဏ်စိန်.."

"မင်းဘယ်တွေလျှောက်သွားနေတာလဲ.. နေမကောင်းမှန်းသိရင် ကိုယ့်အခန်းထဲ အေးဆေးနေနေရောပေါ့"

"လူကိုစိတ်ပူအောင် မလုပ်နဲ့"

စကားအသုံးအနှုန်းနူးညံ့အောင်မပြောတတ်တဲ့သူတစ်ယောက်က သူ့ကိုစိတ်ပူအောင် သိပ်မလုပ်နဲ့တဲ့.. ဂရုစိုက်တတ်သားပဲ..။ သဇင်နွယ်ကို ငြင်းတဲ့အကြောင်းအရင်းကို ရေရေရာရာမသိပေမယ့်လည်း ငြင်းလိုက်တာနဲ့တင် ငွေနှောင်းပျော်မိသည်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now