အပိုင်း(၅) [Unicode]

2.7K 70 2
                                    

အသက်လုရှူနေရသော ‌အဖေဖြစ်သူကို ကြည့်ရင်း ငွေနှောင်းသည် ရင်ကွဲမတတ်ဖြစ်ရသည်..။ အားကိုးစရာ အဖေတစ်ဦးတည်းသာရှိ၏..၊ ယခုတော့ သူမကိုတကယ်ထားသွားတော့မည်လား..။ ထိုအတွေးများကို မတွေးချင်သော်လည်း သူ့အလိုလို ခေါင်းထဲရောက်လာသည်..။

ဆေးဆရာ အခန်းမှထွက်လာသည့်အခါဝယ် မျက်နှာကိုကြည့်လိုက်သော် ဝမ်းနည်းမှုများတွေ့ရ၏..။ ငွေနှောင်းသည် သိလျက်နှင့်ပင် သေချာအောင် မေးကြည့်ချင်သည်..။

"ဖေကြီး..ဖေကြီး..အခြေအနေ ဘယ်လိုရှိလဲဟင်"

ဆေးဆရာသည် ခေါင်းခါပြလျက်...

"အသက်မမှီတော့ပါဘူး မမလေး"

"ရှ..ရှင်..."

ဆေးဆရာ၏စကားကြောင့် ငွေနှောင်းသည် ချက်ချင်းပင် သတိလစ်သွားသည်..။ မြသည် သူမဘေးမှာတပ်ကျပ်မကွာ ရှိနေခြင်းကြောင့် သတိလစ်ကာ နောက်ပစ်လှဲသွားသည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်အား ချက်ချင်းဖမ်းဆွဲနိုင်ခဲ့သည်..။ မြရှိလို့..တော်ပါသေးသည်..။

လေးနာရီခန့် သတိ‌လစ်သွားရာမှ ငွေနှောင်းပြန်နိုးလာသည်..။ အဖေ့ကိုသာ စိတ်စွဲနေသဖြင့် သူမစိတ်ဟာ ပုံမှန်တော့ ပြန်မဖြစ်သေး..၊ ကယောင်ကချားဖြစ်တုန်း ရှိ၏..။

"ဖေကြီး..ဖေကြီး.."

"မြ ဖေကြီးဘယ်မှာလဲဟင်"

မြ၏မျက်ဝန်းများတွင် မျက်ရည်စအနည်းငယ်တွေ့ရ၏..။ ငွေနှောင်းကို ခေါင်းခါပြကာ ဝမ်းနည်းစွာဖြင့်...

"ဘကြီးမြိုင် မရှိတော့ဘူး"

"ဟင်..ဟင့်အင်း..မဟုတ်ဘူး ၊ ဖေကြီးရှိသေးတယ်"

အီးးဟီးးးအဟင့်ဟင့် ဟင့်

"ဟင့်အင်း..ဖေကြီး..ဖေကြီး..ရှိသေးတယ် ၊ ဖေ..ဖေကြီး..ပြန်နိုး..နိုးလာဦးမှာ"

"မြ စိတ်မကောင်းပါဘူး..."

‌ထိုနေ့ရက်သည် ငွေနှောင်းအား မိဘမဲ့ဖြစ်စေခဲ့သည့်ရက်ပင်..။ အားကိုးစရာတစ်ဦးတည်းသာရှိသော သူမအား အဖေဖြစ်သူက နှုတ်ဆက်သွားခဲ့လေပြီ..။ သိုက်ဂုဏ်စိန်နှင့်လုမော်လည်း တစ်ပတ်သာ ရွာတွင်နေမည်ဟု ဆုံးဖြစ်ခဲ့သော်လည်း ဦးမြိုင်၏မထင်မှတ်သည့်ကိစ္စကြောင့် တစ်ပတ်ကျော်ကြာသွားသော်လည်း အိမ်မပြန်ဖြစ်ကြသေးပေ..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now