အပိုင်း(၁၄) [Unicode]

2.2K 55 0
                                    

"ဗျာ.."

"ဟုတ်တယ် မင်းကိုလွှတ်မလို့"

"ဟာ.. အဖေကလည်း ကျွန်တော်အဲ့ကိုမသွားချင်ဘူး"

သူဝိရသည် သူ၏အဖေဦးကျော်နှင့် စကားပြောနေခြင်းသည်..။ သူဝိရမှာ အသက်သုံးဆယ်ရှိတော့မည်..၊ ယခုချိန်ထိ အိမ်ထောင်မပြုရသေးတာမို့ ဇနီးလောင်းရှာဖို့ရာ ရွာဘက်ကို အလုပ်ကိစ္စဟုအကြောင်းပြပြီး အတင်းသွားခိုင်းနေသည်..။

"နောက်ပတ်ကြရင် အနှောင်းလေးကို အိမ်ပြန်ခေါ်မလို့ပါဆို..၊ အဖေအဲ့ကိုသွားခိုင်းရင် အနှောင်းကိုမတွေ့ရတော့ဘူးလေ"

"အနှောင်းလေး? ဘယ်သူလဲ"

"ဟဲဟဲ.. မေ့အချစ်ဆုံးသူငယ်ချင်းရဲ့သမီးပါ အဖေမမြင်ဖူးဘူးမလား"

"ဘယ်သူနေနေထားလိုက် မင်းအဲ့ဆီသွားကိုသွားရမယ်"

"မသွားချင်ဘူး အဖေရာ"

"မင်းသွားရမယ် ဒါနောက်ဆုံးပြောတာ မင်းထပ်မငြင်းနဲ့တော့"

"သွားလိုက်ပါ သားရာယ်.. ပြန်လာမှပဲ အနှောင်းလေးကိုသွားခေါ်အောင် နောက်မကျသေးပါဘူးကွယ်"

"သွားဆိုလည်း သွားတာပေါ့ဗျာ.. အခုအနှောင်းဆီ ခနသွားဦးမယ်"

"အေးပါ ကားကိုဂရုစိုက်မောင်းနော် သားလေး"

"ဟုတ်ကဲ့ အမေ"

အခန်းပြူတင်းပေါက်ဝယ် လက်ကိုမေးထောက်ခါ ခြံထဲရှိ နှင်းဆီခင်းများကို ငွေနှောင်းငေးကြည့်နေသည်..။ လဝန်းငယ်မှာ တေးသံသာသီဆိုရင်းနှင့် ပန်းပင်များကို ပြုစုလျက်ရှိ၏..။ အိမ်ရှေ့မှ လူခေါ်သံကြားတော့ သီဆိုနေသောတေးသံသာကို ရပ်၍ လုပ်လက်စများကိုလည်း ထားကာ အိမ်ရှေ့ဘက်သို့ သွားလိုက်လေသည်..။

"အိမ်ရှင်ဗျို့.. အိမ်ရှင်.."

"လာပါပြီရှင့်"

(ဟင်.. ဟိုနေ့က မမလေးကိုလာရှာတဲ့တစ်ယောက်ပါလား)

"ဒီနေ့အနှောင်းလေးအိမ်မှာရှိလားဗျ"

သူဝိရကို မျက်တောင်မခတ်တမ်း ကြောင်ကြည့်နေတော့ အမေးကို လဝန်းငယ်မကြားလိုက်မိပါချေ။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now