အပိုင်း(၂၇) [Unicode]

1K 28 0
                                    

"အနှောင်း တကယ်လိုက်လို့မရတာလားဟင်"

ငွေနှောင်းသည် ခရီးအဖို့ အထုပ်အပိုး ကူပြင်ပေးရင်းနဲ့ သိုက်ဂုဏ်စိန်ကို မေးလာသည်..။

"မရဘူး အနှောင်းရဲ့ ၊ ဒါပေမယ့် သိပ်မကြာပါပဲ ၊ နှစ်ရက် သုံးရက်လောက်နေရင် ကိုယ်ပြန်လာမှာ"

နှစ်ရက်၊ သုံးရက်တဲ့..။ ရက်သိပ်မကြာသော်လည်း ငွေနှောင်းမခွဲချင်ပါ..။ ဘာလို့မြန်းမသိ..၊ ဒီရက်ပိုင်းတွင်းမှာ သူ့အနားနား နေချင်စိတ်တွေ ပြင်းထန်နေသည်..။

"သုံးရက်ကြီးတောင် မခွဲချင်ပါဘူး"

"ဟောဗျာ... အနှောင်း အထီးမကျန်ရလေအောင် မြကိုခေါ်ပေးထားပါတယ် ၊ သုံးရက်တည်းပါ ချာတိတ်ရဲ့"

"မြ လာမယ်တဲ့လား"

"မနက်ဖြန်လာမယ်တဲ့"

ထိုအခါမှ ငွေနှောင်း၏ မျက်ဝန်းများသည် တလက်လက်တောက်ပလာသည်..။ သိုက်ဂုဏ်စိန် မရှိသည့်ရက်ပိုင်းအတွင်း ငွေနှောင်း ရုံးသွားစရာမလိုပါ..။ မြက သုံးရက်တာ အဖော်လာပြုပေးမည်ဟု ဆိုသောကြောင့် ငွေနှောင်းမှာ မျှော်လင့်ချက်များ ပြည့်နှက်သွားရသည်..။

************

"ဟိတ်လူ! ဇီးသီးထန်းညှက် နှစ်ပိသာဝယ်ခိုင်းတာ ဝယ်ပြီးပြီလား"

"ဟုတ်ကဲ့.. ဝယ်ပြီးပါပြီ"

"ကားနောက်ဖုံးထဲ သွားထည့်"

"ဟုတ်ကဲ့ မမလေး"

သိုက်ဂုဏ်စိန် ပို့ပေးလိုက်သည့် ကြေးနန်းစာစောင်ကို မြလက်ခံရရှိပြီးနောက် နေ့တွင်းချင်းပင် သူလာမည်ဖြစ်ကြောင်း အိမ်တော်ကို ဖုန်းလှမ်းဆက်သည်..။ သိုက်ဂုဏ်စိန်မပါပဲ ငွေနှောင်းနှင့် အတူလျှောက်လည်ရမည်..။ ထိုအရာသည် မြအတွက် ကံကောင်းတဲ့ဆုလာဘ်တစ်ခုနှင့် တူသည်..။ ငွေနှောင်းဟာ မြအတွက် အမြဲတမ်း ဘုရားပေးသည့် ဆုလာဘ်အလားနှင့် တူသည်..။

မြသည် အဝတ်ဗီရိုထဲရှိ အသင့်ချုပ်ထားသည့် ဝတ်စုံလှလှလေးများကို သေချာရွေးယူပြီး ခရီးဆောင်အိတ်ထဲ ခေါက်ထည့်နေသည်..။ ထို့အပြင် ရှေ့ရက်ပိုင်းမှ ဝယ်ထားသည့် အသစ်စက်စက် အနီရောင် ကတ္တီပါဖိနပ်လေးကိုပါ ထည့်လိုက်သေးသည်..။ ကတ္တီပါဖိနပ်လေးသည် အရောင်နီတောက်တောက်နှင့် သိပ်လှနေသည်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now