အပိုင်း(၁၈) [Zawgyi]

434 5 0
                                    

ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်၏..။ ရွာဦးကျောင်းတွင် ငွေနှောင်းတို့ အာရုံဆွမ်းနှင့် နေ့ဆွမ်းကပ်ကာ ကုသိုလ်ပြုကြမည်ဖြစ်သည်..။

ဘုရား၊ ဓမ္မာရုံနှင့် ဘုန်းကြီးကျောင်းသို့ သွားသည့်အခါဝယ် ငွေနှောင်း အဖြူရောင်ဝမ်းဆက် ဝတ်လေ့ရှိသည်..။ ယနေ့မှာလည်း အဖြူရောင် ပိုးသားဝမ်းဆက်လေး ဝတ်ဆင်ထားကာ လှပလျက်ရှိသည်..။ အညိုရောင် ဇာတဘက်လေးဟာ ဘယ်ပုခုံးတွင် နေရာယူထားဟာ သူမ၏လှပခြင်းတွေကို ပံ့ပိုး‌ပေးနေသည်..။

တစ်မနက်လုံး နေ့တစ်ဝက်လောက် အလှူကိစ္စနှင့် အလုပ်ရှူပ်ချိန်နေသည်..။ ငွေနှောင်းတို့ အလှူပြုပြီးသွားသည့်ချိန်တွင် မွန်းလွှဲပိုင်းရောက်လေပြီ..။ လပြည့်နေ့တွင် အလှူပြုခွင့်ရသည့်အတွက် ငွေနှောင်းမှာ ပီတိဝေဖြာနေသည်..။

"ဒီနေ့ အတော်လေး ပျော်စရာကောင်းတယ်နော်"

"ဟုတ်ပါ့ ကုသိုလ်ရမယ့်အလုပ်တွေ ပြုရတော့ ဝမ်းသာတာပေါ့"

ဂလူလူ..

ဝမ်းသာပီတိဖြစ်လွန်းသောကြောင့် ထမင်းစားဖို့ ငွေနှောင်းမေ့လေနေရဲ့..။ အချက်ပေးသံကြားမှ သတိရတော့သည်..။

"အယ်..ဗိုက်မည်ပြန်ပြီ"

သူမ ခပ်တိုးတိုးလေးသာ ပြောလိုက်သည့်စကားကို ကြားသည့် သိုက်ဂုဏ်စိန်ကတော့ အနောက်မှနေ၍ ခပ်ယဲ့ယဲ့လေး ခိုးရီမိလေသည်..။ ထို့နောက် မျက်နှာပြန်တည်လိုက်ကာ...

"အိမ်မှာ ဘာမှမချက်ရသေးဘူး..၊ ရွာမှာ ထမင်းဆိုင်များရှိလား အဲ့ကိုသွားရအောင်"

အိမ်ကနေ မနက်အစောထဲက ထွက်လာခဲ့သောကြောင့် ဘာမှပြင်ဆင်ချိန်မရလိုက်ပါ..။ ရွာဦးကျောင်း၌ စားခဲ့မည်ဆိုလျှင် အဆင်ပြေသော်လည်း ဝေယျာစ္စလာကူလုပ်ပေးသည့် ရွာသူရွာသားများကိုသာ အလှူထမင်းဟင်းများ ဝေငှပေးလိုက်သည်..။

"မြတို့အိမ်ကိုပဲ သွားကြရအောင်လေ..၊ အိမ်မှာ အလုပ်သမားများတယ်..၊ ချက်ခိုင်းလို့ရတာပဲ"

"အဆင်ပြေပါ့မလား.."

အရင်တုန်းက လိုက်သွားနေကြဆိုပေမယ့်လည်း ယခုအခါမှာ သိုက်ဂုဏ်စိန် ပါနေသည့်အတွက် လိုက်သွားရမှာ အားနာမိသည်..။ မြတို့အိမ်ကို သိုက်ဂုဏ်စိန်မရောက်စဖူးမလို့ စိမ်းသက်သက်ဖြစ်နေမှာ အမှန်ပင်..။ မိမိနှင့် မိတ်ဆွေလည်းမဟုတ်ပဲ မရင်းနှီးတဲ့သူစိမ်းအိမ်လိုမျိုး ဖြစ်နေတာကြောင့် အဆင်မပြေမှာကို စိုးရိမ်ရသည်..။

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Where stories live. Discover now