ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော
အခန်း(၈)
[၁]
အာသာ အပြင်ထွက်လမ်းလျှောက်ပြီး အဆောင်သို့ပြန်ရောက်သောအခါ ဧည့်ခန်းထဲတွင် မောင်မောင်နှင့်ကိုအောင်အပါအဝင် ဖြူပါထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် အံသြသွားသည် ။ ထို့ကြောင့် အခန်းထဲတန်းမဝင်သေးပဲ ရေခဲသေတ္တာထဲမှ ရေဘူးတစ်ဘူးကိုယူကာမော့သောက်လိုက်ပြီး ကိုအောင့်ဘေးတွင်ဝင်ထိုင်လိုက်ကာ
" ဘာဖြစ်နေကြတာလဲ "
ဟု မေးလိုက်သည် ။ ကိုအောင်က ဤမေးခွန်းကိုကြားသောအခါ သက်ပြင်းချပြီး
" မင်းတစ်ညနေလုံး ဘယ်တွေသွားနေတာလဲ "
ဟု မေးသည် ။ ကိုအောင့်မေးခွန်းကို
" စိတ်ရှုပ်လို့လမ်းခဏထွက်လျှောက်တာ "
ဟု ပြန်ဖြေလိုက်သည့်စကားအဆုံးတွင် မောင်မောင်က
" မင်းသွားနေတုန်း ယူကေကမင်းရဲ့သတို့သမီးလောင်းဖုန်းဆက်တယ် အခါငါးဆယ်လောက်တောင်ရှိနေပြီလားမသိဘူး "
ဟု ကြားဖြတ်ပြီးဝင်ပြောသည် ။ မောင်မောင့်စကားကို
" ဟုတ်လား "
ဟု စိတ်မပါစွာဖြင့် ဝတ်ကြေတန်းကြေ ပြန်ဖြေလိုက်သောအခါ မောင်မောင်က
" မင်းပြန်လာရင်ဖုန်းပြန်ခေါ်ခိုင်းလိုက်မယ်လို့ပြောထားတယ် ပြန်ခေါ်လိုက်အုံး မင်းကိုတော်တော်တင်းနေပုံပဲ "
ဟူ၍ အခြေအနေကိုရှင်းပြသည် ။ ထို့ကြောင့်
" အင်းပါ ကျေးဇူးပဲ ငါပြန်ခေါ်လိုက်မယ် "
ဟု ပြန်ပြောပြီး နေရာမှထကာ လွန်းဆီဖုန်းပြန်ခေါ်ရန် အခန်းထဲသို့ဝင်လာခဲ့လိုက်သည် ။ ဖြူ၏
" ဒီကောင်တော့ပြသနာပဲ ဟိုကတစ်ယောက်ကိုလည်းကြိုက်တယ် ဒီိကတဈယောကကှိုလညှးကှိုကတှယှ "
ဟူသော စကားကို မကြားဟန်သာဆောင်နေလိုက်သည် ။
[၂]
BẠN ĐANG ĐỌC