၁၅
317 12 0
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၁၅)
[၁]
အာသာ ပန်းတို့နှင့် ခန်းမထဲတွင်တွေ့ကာ ပန်း၏အကြောင်းကိုကြားပြီးနောက် မငိုမိအောင် ထိန်းထားသော်လည်း ဆက်၍ဟန်ဆောင်မနေနိုင်တော့သောကြောင့် ခန်းမထဲမှထွက်လာကာ ကားပေါ်သို့တက်ပြီး ရှိုက်ကြီးတငင်ငိုမိသည် … ။ ထိုစဉ် တစ်စုံတစ်ယောက်က ကားမှန်ကိုလာခေါက်သဖြင့် မျက်ရည်များကိုအလျင်အမြန်သုတ်လိုက်ပြီး ကားမှန်ကိုချလိုက်သည် … ။ ထိုအခါ ကားနှင့်မနီးမဝေးတွင်ရပ်နေသော လက်ထောက်ဖြစ်သူကိုတွေ့လိုက်ရသည် … ။ ထို့ကြောင့်
" ဘာလဲ "
ဟု စိတ်ရှုပ်ရှုပ်ဖြင့်မေးလိုက်မိသည် … ။
" ဆရာ … သူဌေးက ဆရာဘယ်သွားလဲမေးနေပါတယ် "
ဟူသော စကားကိုကြားရသောကြောင့်
" အေး … ငါလာခဲ့မယ် "
ဟု ဤမျှသာပြောပြီး ကားမှန်ကိုပြန်တင်လိုက်သည် … ။ ထို့နောက် တစ်ရှူးဖြင့် မျက်ရည်များကိုအသေချာသုတ်လိုက်ပြီး ကားပေါ်မှဆင်းလိုက်သည် … ။ ထိုအခါ ကားပါးကင်ဆီသို့လျှောက်လာသော ပန်းတို့ကိုတွေ့ရသည် … ။ မမြင်ချင်ယောင်ဆောင်နေရန် စိတ်ကူးလိုက်မိသော်လည်း ပန်းကတွေ့သွားပြီး လက်လှမ်းပြသည် … ။ ထို့နောက် အနားသို့လျှောက်လာပြီး
" ကိုအာသာဦး … ပန်းတို့ကိုတကူးတကဖိတ်ပေးတာ ကျေးဇူးတင်ပါတယ်နော် … ပန်းတို့ပြန်တော့မယ် "
ဟု နှုတ်ဆက်သည် … ။ ထို့ကြောင့် ခေါင်းကိုသာ အသာညိတ်ပြလိုက်မိသည် … ။ ပန်းက
" ဒါဆို … နောက်မှတွေ့မယ်နော် "
ဟု နှုတ်ဆက်ပြီး မိမိအရှေ့မှ ခပ်မြန်မြန်ထွက်သွားသည် … ။ မိမိကို ကျောခိုင်းထွက်ခွာသွားသော ပန်းကိုကြည့်၍
" ပန်းရယ် "
ဟု  စိတ်ထဲမှ ခပ်ညည်းညည်းခေါ်လိုက်မိသည် … ။
[၂]
" ပြည့်ဖြိုးအုပ်စုကအနိုင်ရသွားပါတယ်လို့ ပြောလည်းပြောလိုက်ရော … ဟိုဘက် ဂလိုဘယ်အဖွဲ့ က ကောင်တွေဖြစ်သွားတဲ့မျက်နှာကို ငါအခုထိရယ်ချင်နေတုန်းပဲ "