624 17 2
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၅)
[၁]
" အစ်ကိုလေးက ကြီးမေကိုအရမ်းချစ်တာပဲလားဟင် "
လွန်း ထမင်းစားခန်းထဲတွင် ဒေါ်ကြည်ပြာ့ကို ဟင်းရွက်ကူကိုင်ပေးရင်း ဟိုအကြောင်းသည်အကြောင်းပြောကာ  စကားစပ်မိသဖြင့်မေးလိုက်ခြင်းဖြစ်သည် … ။ ဤမေးခွန်းဆုံးသောအခါ ဒေါ်ကြည်ပြာက ပီတီဖြစ်သည့်အသံဖြင့်
" အင်း … ကြီးမေကသူငယ်ငယ်ကတည်းက သူ့ကိုထိန်းလာရတာဆိုတော့ ချစ်မှာပေါ့ "
ဟု ပြန်ဖြေသည် … ။ ထို့ကြောင့် အားကျစွာဖြင့်
" ကြီးမေကို ဒီလိုချစ်ပေးမဲ့သူရှိတာကောင်းလိုက်တာ "
ဟု ပြောလိုက်သည် … ။ ယခုတစ်ကြိမ်တွင်မူ ဒေါ်ကြည်ပြာက
" အမယ်လေး … သမီးမသိလို့ … ရာကိုကချစ်တာနဲ့မကာမိအောင်ကို အရမ်းဂျီကျတတ်တာ "
ဟု အထိတ်တလန့်ဖြင့် ပြောသောကြောင့် သဘောကျစွာ ပြုံးလိုက်သည် ။ ထိုစဥ်မှာပင်  အိမ်ရှေ့မှကားရပ်သံ ကြားရသည် … ။ ကားရပ်သံကြားရပြီး မရှေးမနှောင်းမှာပင် ရာကို၏
" ကြီးမေရေ "
ဟူသော ခေါ်သံကိုကြားရသည် ။ ဒေါ်ကြည်ပြာ က ရာကို့ အသံကိုကြားသောအခါ တစ်ဖက်သို့လှည့်ပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေသည် … ။ ရာကိုက ဆိုက်ဆိုက်မြိုက်မြိုက်ပင် ထမင်းစားခန်းထဲရောက်လာပြီး
" ကြီးမေ "
ဟု ခေါ်ကာ ဒေါ်ကြည်ပြာ့ကို ဖက်သည် … ။ ဒေါ်ကြည်ပြာက
" ဒီကိုဘာလာလုပ်တာလဲ … အပြင်မထွက်တော့ဘူးလား "
ဟု ဘုဆတ်ဆတ်နှင့်မေးသဖြင့် ရာကိုက မျက်နှာငယ်ဖြင့်
" ကြီးမေကလဲ "
ဟု ပြောသည် … ။ ရာကိုနှင့်ဒေါ်ကြည်ပြာကို ကြည့်ရသည်မှာ စိတ်ချမ်းသာစရာကောင်းသဖြင့် သဘောကျစွာ ပြုံးလိုက်မိသည် … ။ ရာကိုကမူ ဤသည်ကို သိဟန်မတူ ။ စိတ်ကောက်နေသော ဒေါ်ကြည်ပြာ့ကိုချော့ရန် လှီးလက်စကြက်သွန်နီဥကို ကောက်ကိုင်ပြီး