၂၄
438 8 1
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၂၄)
[၁]
လွန်း ဧည့်ခန်းထဲသို့ဆင်းလာသောအခါ အာသာဦးက ဆိုဖာပေါ်တွင်ထိုင်ကာ စီးကရက်တစ်လိပ်ကို မီးညှိကာရှိုက်ဖွာနေသည် … ။ မိမိကိုမြင်သောအခါ စီးကရက်မီးကိုငြှိမ်းလိုက်ပြီး ပြုံးပြသည် … ။ ထို့ကြောင့်
" ကိုအာသာဦး … ဘာကိစ္စရှိလို့လဲ "
ဟု မေးကာ အာသာဦး၏အရှေ့တွင်ရှိသော ဆိုဖာတွင်ဝင်ထိုင်လိုက်လိုက်သည် … ။ အာသာဦးက ခေါင်းငုံ့ပြီး
" ပန်းကို ကျွန်တော်တောင်းပန်ချင်လို့ပါ "
ဟု ပြောသဖြင့်
" ကိုအာသာဦးနဲ့ပန်းက နောက်ထပ်,ထပ်ပတ်သတ်စရာအကြောင်းမရှိတော့တာမို့လို့ ကိုအာသာဦး ပန်း ကိုတောင်းပန်စရာမလိုပါဘူး "
ဟူ၍ ပြောလိုက်သည် … ။ ဤစကားကို အာသာဦးက
" ပန်းရဲ့သဘောကဒီလိုဆိုတော့လည်း ကျွန်တော်စောဒကမတက်တော့ပါဘူး "
ဟု တုံ့ပြန်သည် ။ ပြီးမှ 
" ဒါနဲ့ ပန်းကလက်ထပ်တော့မယ်ဆို "
ဟု မေးသည် ။ ရာကိုနှင့် မိတ်ဆွေအနည်းအကျဥ်းသာသိသော လက်ထပ်ပွဲအကြောင်းကို အာသာဦးကမေးလာသဖြင့် ကြောင်သွားကာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည် … ။ ဤသည်ကို အာသာဦးက ရိပ်မိဟန်ဖြင့်
" ဒီလိုပဲ ဟိုဟိုသည်သည်က သတင်းကြားတာပါ … အကယ်၍ တကယ်ဆိုရင် ပန်းရဲ့လက်ထပ်ပွဲ ကျွန်တော့်ကိုဖိတ်ပါနော် … ကျွန်တော် နောက်ဆုံးအနေနဲ့ ပန်းကိုလာကြည့်ချင်လို့ပါ " 
ဟု ခပ်တိုးတိုးရှင်းပြသည် ။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး
" စိတ်ချပါ ကိုအာသာဦး … ကိုအာသာဦးကို ပန်း ကျိန်းသေပေါက်ဖိတ်မှာပါ "
ဟု ပြောလိုက်သည် ။ ထိုအခါမှ အာသာဦးက ကျေနပ်သွားဟန်ဖြင့် မတ်တပ်ထရပ်ကာ
" ဒါဆို … ကျွန်တော် ပြန်တော့မယ်နော် "
ဟု ပြောပြီး ပြန်ရန် ထိုင်ရာမှထလိုက်သည် ။ ထို့နောက် မိမိကိုကြည့်ကာ