၂၆
587 2 0
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၂၆)
ဇာတ်သိမ်း
[၁]
အာသာ အိမ်တံခါးဖွင့်လိုက်သောအခါ အိမ်ရှေ့တွင်ရပ်နေသော ယူနီဖောင်းဝတ်ရဲများကိုတွေ့လိုက်ရသဖြင့် အံ့သြသွားသည် … ။ ထိုရဲများထဲမှ အရာရှိဖြစ်ဟန်တူသောရဲတစ်ယောက်က
" ဦးအာသာဦး … ကျွန်တော်တို့မှာဖမ်းဝရမ်းပါလာပါတယ် … ပြန်ပေးစွဲမှုနဲ့ အိမ်ကိုရှာရပါလိမ့်မယ် "
ဟု ဆိုကာ ကျန်သူများကို အိမ်ထဲဝင်ရန် မျက်ရိပ်မျက်ကဲပြသည် … ။ အမိန့်ရသည်နှင့် ထိုရဲများကလည်း မိမိကို ဂရုပင်မစိုက်တော့ပဲ အိမ်ထဲသို့ဝင်ကာ တစ်ခန်းပြီးတစ်ခန်း ရှာကြသည် … ။ ဤသို့ရှာရင်း ပန်းကိုထည့်ပိတ်ထားသည့် အခန်းရှေ့သို့ရောက်သွားကြသောကြောင့်
" ဒုက္ခပဲ "
ဟု ညည်း၍ အခန်းထဲသို့ ရဲများနှင့်အတူလိုက်ဝင်ရန် ခြေလှမ်းပြင်လိုက်စဉ် ကားရပ်သံနှင့်အတူ ရာကိုက အိမ်ထဲသို့အပြေးဝင်လာသည် … ။ ရာကို့ကိုမြင်သောအခါ မိမိ၏ ငြိမ်သက်နေသောဒေါသများက ဆူပွက်လာရသည် … ။ ထို့ကြောင့် ရဲများ၏အနောက်မှပါလာသော ပန်း၏လက်ကိုဆောင့်ဆွဲလိုက်ကာ အခန်းရှေ့ရှိ ဗီဒိုပေါ်တွင်တင်ထားသော ဓားကိုယူလိုက်ပြီး ပန်း၏လည်ပင်းကို ထောက်ထားလိုက်သည် … ။ ထို့နောက်
" ခင်ဗျားတို့အရှေ့တိုးမလာနဲ့ … တိုးလာရင်ဒီဓားကသူ့လည်ပင်းကိုဖြတ်ပြီးသားပဲ "
ဟု ပြောလိုက်သည် ။ ထိုစဉ်
" အာသာ … မင်းဘာလုပ်တာလဲ "
ဟူသော အသံနှင့်အတူ မောင်မောင်က အိမ်ထဲသို့ ပြေးဝင်လာသည် … ။
[၂]
" မောင်မောင် "
မမျှော်လင့်သည့်အချိန်တွင် မောင်မောင်ကပေါ်လာသဖြင့် အာသာအံ့သြသွားပြီး မောင်မောင့်ကို ခတ္တငေးကြည့်နေမိသည် … ။ ပြီးမှ ပြုံးလိုက်ပြီး
" သြော် … ဒီလူတွေကို မင်းခေါ်လာတာကိုး "
ဟု ပြောလိုက်သည် … ။ မောင်မောင်က စကားမပြောပဲ မျက်ရည်ဝဲကာ မိမိကိုရပ်ကြည့်နေသဖြင့်