၁၄
271 10 0
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၁၄)
[၁]
" မင်းကောင်မလေးက အဲ့ဒီစျေးမှာပဲအမြဲဝယ်တတ်တယ်ကွ "
ဟူသော မောင်မောင်၏သတင်းစကားကြောင့်အာသာ မနက်စောစော စျေးမဖွင့်ခင်မှာပင် စျေးရှေ့သို့ကြိုတင်ရောက်နှင့်ကာ ပန်းစျေးလာအဝယ်ကို စောင့်နေမိသည် … ။ အချိန်တော်ကြာအောင် စောင့်နေပြီး မနက်ခုနစ်နာရီကျော်ကျော်လောက်တွင် ပန်းက စျေးခြင်းတောင်းဆွဲပြီး ရောက်လာသည် … ။ ပန်းကိုတွေ့လိုက်ရသောကြောင့် ဝမ်းသာသွားကာ ကားပေါ်မှ အပြေးအလွှားဆင်း၍ ပန်းရှိရာဆီသို့ထွက်လာခဲ့လိုက်သည် … ။ ပန်းဆီသို့ရောက်သောအခါ ပန်းက စျေးသည်လေးတစ်ဦးရှေ့တွင်ရပ်ကာ အသီးအရွက်တစ်ချို့ဝယ်နေသည် … ။ ထို့ကြောင့် ပန်းနှင့်မလှမ်းမကမ်းတွင်ရပ်လိုက်ကာ
" ပန်း … စျေးလာဝယ်တာလား "
ဟု မေးလိုက်သည် … ။ မိမိ၏အသံကိုကြားသောအခါ ပန်းက အံ့သြသွားဟန်ဖြင့်လှည့်ကြည့်ပြီး
" ကိုအာသာဦး … ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ "
ဟု မေးသဖြင့် ရယ်လိုက်ပြီး
" ပန်းကိုသတိရလို့ "
ဟု ခပ်တိုးတိုးပြန်ဖြေလိုက်သည် … ။ ဤစကားကြောင့် ပန်း၏မျက်နှာလေးကနီသွားသည် … ။
သို့သော် ....
ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားကာ
" စကားတော့ဆက်ပြောချင်ပေမဲ့ ဘယ်လိုလုပ်မလဲ … အိမ်မှာအစ်ကိုကနေမကောင်းဖြစ်နေလို့ မြန်မြန်ပြန်မှဖြစ်မှာ "
ဟု ပြောပြီး စကားစကိုဖြတ်သည် … ။ အနုနည်းနှင့်နှင်နေမှန်းသိသော်လည်း မသိဟန်ဆောင်၍ ပြုံးလိုက်ပြီး
" ရပါတယ် … ပန်း လုပ်စရာရှိတာသာလုပ်ပါ … တကယ်လို့ အလျင်လိုနေတယ်ဆိုရင်လည်းကျွန်တော် လိုက်ပို့ပေးပါ့မယ် "
ဟု ပြောလိုက်သည် ။ ပန်းက
" ရပါတယ် ကိုအာသာဦး … ပန်းမှာအိမ်ကကားပါလာတယ် "
ဟု ပြောပြီး စျေးထဲမှထွက်ရန်ပြင်သဖြင့်
" ဒါဆို … နောက်မှတွေ့မယ်နော် "