ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၂၅)
[၁]
ရာကို အာသာဦးနှင့်ဖုန်းပြောပြီးနောက် ပန်းကိုစိုးရိမ်သည့်စိတ်များက တရိပ်ရိပ်တက်လာသည် … ။ ထို့ကြောင့်
" ပန်းရေ … ဘယ်မှာလဲ … ဘယ်မှာလဲလို့ "
ဟု ညည်းတွားလိုက်ပြီး ဒေါသထွက်ထွက်ဖြင့် အခန်းထဲရှိပစ္စည်းများကို ပစ်ပေါက်ရိုက်ခွဲလိုက်မိသည် … ။ အခန်းထဲမှဆူညံသံများကြောင့် ဘုန်းရောင်က အခန်းထဲသို့ အပြေးအလွှားဝင်လာသည် … ။ အခန်းထောင့်တွင် ခေါင်းငိုက်စိုက်ချကာထိုင်နေသော မိမိကိုတွေ့သောအခါ ဘေးတွင် လာဝင်ထိုင်ကာ
" ရာကို .... မင်းခဏလောက်ပဲဖြစ်ဖြစ်နားပါလားကွာ "
ဟု ပြောသည် … ။ ဘုန်းရောင်၏စကားဆုံးသောအခါ ခပ်နွမ်းနွမ်းပြုံးလိုက်ပြီး
" ငါလည်းနားချင်ပါတယ် … ဒါပေမဲ့ ပန်းကိုစိတ်မချဘူး … အခုနေငါသေသွားရင်တောင် မျက်လုံးပိတ်နိုင်မှာမဟုတ်ဘူး "
ဟု ပြောလိုက်သည် … ။ ဘုန်းရောင်က
" မပြောကောင်းမဆိုကောင်းတွေမပြောပါနဲ့ကွာ … ငါတို့လည်းမတွေ့တွေ့အောင်ရှာပေးမှာပါ .... မင်းစိတ်ကိုအေးအေးထားပါ "
ဟု မိမိစကားကို တုံ့ပြန်သောကြောင့် ခေါင်းခါလိုက်ပြီး
" ပန်းမရှိရင် ငါတကယ်သေလိမ့်မယ်ထင်တယ် "
ဟူ၍ ညည်းလိုက်သည် ။ ထိုစဉ် ဘုန်းရောင်ထံသို့ ဖုန်းဝင်လာသည် ။ ဘုန်းရောင်က ဖုန်းခေါ်ဆိုသူကိုကြည့်၍
" ရဲစခန်းကဆက်တာ "
ဟု ပြောသဖြင့် စိတ်လှုပ်ရှားစွာဖြင့်
" မြန်မြန် .... မြန်မြန်ကိုင်လိုက် ဘုန်း "
ဟူသော စကားကို အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်သည် ။
သို့သော် ....
မျှော်လင့်ထားသလို မိမိတို့စောင့်နေသည့်သတင်းကိုမကြားရ ။ ဂလပ်စကိုမြို့တွင် ပန်းအားအနိုင်ကျင့်နှိပ်စက်ခဲ့သူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်းနှင့် ထိုလူသည် မိမိတို့ပြောသည့်လူ ဟုတ် ၊ မဟုတ် လာရောက်အတည်ပြုပေးရန်ပြောသောစကားဖြစ်သောကြောင့် အမောဆို့သွားရသည် ။
KAMU SEDANG MEMBACA