1.2K 20 1
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၃)
[၁]
ရာကိုတစ်ယောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းမှထွက်ထွက်ချင်း အပေါက်ဝတွင်ရပ်ကာ အိမ်မှလာကြိုမည့်ကားကိုစောင့်ရင်း ဖြတ်သွားဖြတ်လာလူများကို ကျေနပ်စွာ ငေးကြည့်နေမိသည် … ။ တစ်ဆက်ထဲမှာပင် ရန်ကုန်မြို့၏ နွေးထွေးသောနေရောင်ကို ကျေနပ်စွာခံယူရင်း မဆီမဆိုင် ဂလပ်စကိုမြို့၏ အေးစက်လှသောရာသီဥတုကို သတိရမိသည် … ။ ထို့အတူ ဂလပ်စကိုမြို့တွင်တွေ့ခဲ့ရသော မိန်းမလှလေးကို ပါ သတိရမိသွားသည် … ။ ထို့ကြောင့်
" တော် တော် ရာကို … မင်းမှာလုပ်စရာတွေအများကြီးရှိသေးတယ် "
ဟု မိမိဘာသာပြောလိုက်ပြီး ခရီးဆောင်အိတ်ကိုဆွဲကာ ကားပါကင်ဆီသို့ ထွက်လာခဲ့သည် … ။ ကားပါကင်ဆီသို့ရောက်သောအခါ လေဆိပ်အဝင်ဝရှိရာသို့ ဦးတည်၍လျှောက်လာသော ငယ်သူငယ်ချင်းဖြစ်သူ ဘုန်းရောင်ကို တွေ့လိုက်ရသည် … ။ ထို့ကြောင့် ဝမ်းသာအားရဖြင့်
" ဟေ့ကောင် … ဘုန်း "
ဟု လှမ်းခေါ်လိုက်သည် … ။ မိမိ၏အသံကိုကြားသောအခါ ဘုန်းရောင်က
" ဟေ့ကောင် "
ဟု ဆိုကာ မိမိရှိရာသို့ ပြေးလာပြီး မိမိကိုဖက်သည် … ။ ပြီးမှ
" ခွေးကောင်လေး … ဘယ်လောက်တောင်ကြာပြီလဲ "
ဟု မေးသည် ။ ထို့ကြောင့် ရယ်လိုက်ပြီး
" နေကောင်းကြတယ်မဟုတ်လား … ကြီးမေရော "
ဟု မေးလိုက်သည် … ။ ဘုန်းရောင်က
" ကောင်းပါ့ကွာ … မင်းပြန်လာတော့မယ်လို့ဖုန်းဆက်ကတည်းက ဂနာမငြိမ်ဖြစ်နေတော့တာပဲ "
ဟု ဤမေးခွန်းကို ရယ်၍ဖြေသည် … ။ ဘုန်းရောင်၏အဖြေကို
" အေး … ငါလည်းကြီးမေကိုသတိရနေတာ … skype နဲ့ ပြောရတာအားမရဘူး "
ဟု ပြန်တုံ့ပြန်လိုက်သောအခါ ဘုန်းရောင်က
" ခွေးကောင်လေး … ပိုမနေနဲ့တော့ … အခုကစပြီး မင်းကြီးမေကို မတွေ့ချင်မှအဆုံးဖြစ်တော့မှာ … သွားရအောင် "