826 14 0
ချစ်ခြင်းဖြင့်လွှမ်းခြုံအပ်သော …
အခန်း(၄)
[၁]
ရာကိုတစ်ယောက် ဒေါ်ကြည်ပြာနှင့်ဘုန်းရောင် တို့သားအမိနေသည့်အဆောင်တွင် ပန်းအတွက် ဆေးဘူးများကိုထားခဲ့ကာ အိမ်ဘက်သို့ပြန်ကူးလာခဲ့လိုက်သည် … ။ အိမ်ရောက်သောအခါ လုပ်စရာ အထွေအထူးမရှိသဖြင့် တီဗီဖွင့်ကာ ကြုံရာ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုကို ကြည့်နေလိုက်သည် … ။ နာရီအနည်းငယ်ကြာသောအခါ
" ဒေါက် ဒေါက် ဒေါက် "
ဟူသော တံခါးခေါက်သံနှင့်အတူ ဘုန်းရောင်က အိမ်ထဲသို့ ဝင်လာသည် … ။ ထို့ကြောင့် သောက်လက်စစီးကရက်ကို ပြာခွက်ထဲတွင်ထိုးချေလိုက်ပြီး ဘုန်းရောင်ကို
" ပြန်ရောက်ကြပြီလား "
ဟု မေးလိုက်သည် … ။ ဘုန်းရောင်က
" အေး "
ဟု တစ်လုံးသာပြန်ဖြေပြီး
" ဒါနဲ့ .... ပန်းခြေထောက်က ဘာဖြစ်တာတဲ့လဲ "
ဟူ၍ ပန်းအကြောက်းကိုမေးသည် ။ ထို့ကြောင့်
" ငါညနေကအိမ်ပြန်လာတော့ လမ်းမှာကောင်လေးတစ်ယောက်ကားနဲ့တိုက်မိမလိုဖြစ်ပြီး လဲကျသွားတာမြင်လို့ … ဟိုကောင်လေးကြည့်ရတာလဲသိပ်မဟုတ်လို့ ငါခေါ်လာခဲ့တာ "
ဟု ပြန်ဖြေလိုက်သည် … ။ ဘုန်းရောင်က ဖြေရှင်းစကားပြောပြီး စားပွဲတွင်တင်ထားသော ဖုန်းကိုယူကာ facebook သုံးနေသော မိမိကို အနည်းငယ်ကြာအောင် ခပ်တွေတွေစိုက်ကြည့်နေသဖြင့် ဆတ်ကနဲလှည့်ကြည့်လိုက်ပြီး
" ဘာလဲ "
ဟူသော သဘောဖြင့် မျက်ခုံးပင့်ကြည့်လိုက်သည် ။ ဘုန်းရောင်က ခေါင်းခါပြသဖြင့် 
" ခဏလေး ဘုန်း "
ဟု ပြောကာ
" ဘုန်း … ပန်းက မင်းညီမဆိုတာသေချာရဲ့လား "
ဟူ၍ မေးလိုက်သည် ။ ဘုန်းရောင်က
" ဟေ့ကောင်ရေ … မင်းသတိရတိုင်း ငါ့ကိုဒီကိစ္စပဲမေးနေတော့မှာလား "
ဟု ပြောသဖြင့် ခေါင်းကုတ်လိုက်ပြီး
" မဟုတ်ဘူးကွ "